ချန်ပီယံလိဂ် ဗိုလ်လုပွဲ လက်မှတ်များကို UEFA  စတင်ရောင်းချ

ချန်ပီယံလိဂ် ဗိုလ်လုပွဲ လက်မှတ်များကို UEFA  စတင်ရောင်းချ
Photo: UEFA
Photo: UEFA
Published 21 April 2022

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)သည် ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် လက်မှတ်များကို ဧပြီလ (၂၀)ရက်မှ စတင်ကာ ရောင်းချနေပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

ယခု ၂၀၂၁-၂၂ ရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို မေလ (၂၈) ရက်တွင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ ပရိသတ် (၇၅၀၀၀) ဆံ့ Stade de France ကွင်းတွင် ကျင်းပမည်ဖြစ်သည်။

UEFA သည် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်သည့်အသင်းများကို လက်မှတ်ခွဲတမ်း (၂၀၀၀၀) စီ ပေးသွားမည်ဖြစ်ပြီး  လက်မှတ်စျေးနှုန်းများမှာ အနည်းဆုံး ယူရို (၇၀) မှ အများဆုံး ယူရို (၆၉၀) အထိ အစားစားရှိကြောင်း သိရသည်။ 

Most Read

Most Recent