ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာက လာလီဂါချန်ပီယံဆုကို မျှော်လင့်နေဆဲဖြစ်ကြောင်း အံ့အားသင့်ဖွယ်ပြောကြားခဲ့သည်။
လက်ရှိရာသီတွင် ဘာစီလိုနာအသင်းသည် မတည်ငြိမ်များဖြင့် ရင်ဆိုင်ရပြီး လာလီဂါချန်ပီယံဆုအတွက် ရေပန်းစားနေသည့် ရီးယဲလ်အသင်းနှင့် ရမှတ်များစွာကွာဟနေသော်လည်း လာပေါ်တာက ယခုလိုပြောဆိုခဲ့ခြင်းဖြစ်သည်။
'' ကျွန်တော်တို့အသင်းက လာလီဂါချန်ပီယံဆုအတွက် လက်မလျှော့သေးပါဘူး။ ဘောလုံးမှာ ဘာမဆိုဖြစ်နိုင်တယ်မဟုတ်လား'' ဟု လာပေါ်တာက ပြောကြားခဲ့သည်။















