ဗြိတိန်စီးပွားရေးလုပ်ငန်းရှင် ဂီးလ်ကတ်စ်နှင့်ရသည့် ကိုယ်ဝန်လွယ်ထားရကြောင်း အသက်(၃၅)နှစ်ပြည့်မွေးနေ့တွင် ရှာရာပိုဗာ ဖွင့်ဟ

ဗြိတိန်စီးပွားရေးလုပ်ငန်းရှင် ဂီးလ်ကတ်စ်နှင့်ရသည့် ကိုယ်ဝန်လွယ်ထားရကြောင်း အသက်(၃၅)နှစ်ပြည့်မွေးနေ့တွင် ရှာရာပိုဗာ ဖွင့်ဟ
Photo : Instagram
Photo : Instagram
Published 21 April 2022

ဗြိတိန်စီးပွားရေးလုပ်ငန်းရှင် အလက်ဇန္ဒားဂီးလ်ကတ်စ်နှင့်ရသည့် ကိုယ်ဝန်လွယ်ထားရကြောင်း ရုရှားတင်းနစ်မယ်ဟောင်း ရှာရာပိုဗာက သူ၏ (၃၅)နှစ်ပြည့်မွေးနေ့တွင်  Instagram မှတစ်ဆင့် ပရိသတ်များအား အသိပေးခဲ့သည်။

ရှာရာပိုဗာက Followers (၄.၂)သန်းရှိသည့် သူ၏ Instagram တွင် "အဖိုးထိုက်တန်သည့် စတင်ခြင်း၊ နှစ်ယောက်စာအတွက် မွေးနေ့ကိတ်စားရသည်မှာ အမြဲတမ်းထူးခြားမှုဖြစ်စေမည်" ဟု ရေးသားကာ ကိုယ်ဝန်လွယ်ထားရမှုကို သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

လက်ရှိနှင့် အနားယူထားသည့်တင်းနစ်သမားများက Comment တွင်  ရှာရာပိုဗာအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ရေးသားခဲ့ပြီး ယင်းအထဲတွင် ကွန်တာ၊ ဗက်စ်နီနာ၊ စထရီကိုဗာ၊ ပန်နက်တာ၊ ဘီလီဂျင်ကင်းတို့ ပါဝင်ခဲ့ကြသည်။

ရှာရာပိုဗာသည် အသက်(၄၂)နှစ်အရွယ်ရှိပြီဖြစ်သူ ဂီးလ်ကတ်စ်နှင့် ၂၀၁၈ ခုနှစ်ကတည်းက စတင်လက်တွဲခဲ့ပြီး သူတို့နှစ်ဦး၏ စေ့စပ်ကြောင်းလမ်းမှုကိုမူ ပြီးခဲ့သည့် ဒီဇင်ဘာလက အတိအလင်းကြေညာခဲ့သည်။

ရှာရာပိုဗာသည် COVID-19 ကပ်ရောဂါ မကျရောက်မီ ၂၀၂၀ ပြည့်နှစ်အစောပိုင်းက သြစတြေးလျအိုးပင်းတွင် နောက်ဆုံးကစားပြီး ကစားသမားဘဝမှ အနားယူခဲ့ခြင်းလည်းဖြစ်သည်။ ၎င်းသည် ဂရင်းစလင်းပြိုင်ပွဲ လေးရပ်စလုံး၌ ဗိုလ်စွဲနိုင်သည့် တင်းနစ်မယ်(၁၀)ဦးတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး ချန်ပီယံဆု (၅)ကြိမ်ရရှိကာ ကမ္ဘာ့အဆင့် (၁)နေရာတွင် (၂၁)ပတ်ကြာ ရပ်တည်ခဲ့ဖူးသည်။

Most Read

Most Recent