ဒေါ့မွန်အသင်းမှ နော်ဝေကြယ်ပွင့်တိုက်စစ်မှူး ဟော်လန်းကို ခေါ်ယူရန် မန်စီးတီးသဘောတူညီမှု ရရှိခဲ့ပြီးလာမည့်ရက်သတ္တပတ်အနည်းငယ်အတွင်း စာချုပ်ချုပ်ဆိုမည်ဟု Daily Mail ဖော်ပြ

ဒေါ့မွန်အသင်းမှ နော်ဝေကြယ်ပွင့်တိုက်စစ်မှူး ဟော်လန်းကို ခေါ်ယူရန် မန်စီးတီးသဘောတူညီမှု ရရှိခဲ့ပြီးလာမည့်ရက်သတ္တပတ်အနည်းငယ်အတွင်း စာချုပ်ချုပ်ဆိုမည်ဟု Daily Mail ဖော်ပြ
Photo: Getty Images
Photo: Getty Images
Published 20 April 2022

 

ပရီးမီးယားလိဂ်ထိပ်သီးကလပ် မန်စီးတီးအသင်းသည် ဒေါ့မွန်အ သင်းမှ နော်ဝေလက်ရွေးစင်တိုက်စစ်မှူး ဟော်လန်းကို ခေါ်ယူရန် သ ဘောတူညီမှု ရရှိခဲ့ပြီး လာမည့်ရက်သတ္တပတ်အနည်းငယ်အတွင်း အပြီး သတ်စာချုပ်ချုပ်ဆိုသွားမည်ဟုဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

ဟော်လန်း၏လစာငွေကို ပရီးမီးယားလိဂ်အမြင့်ဆုံးအဖြစ် တစ်ပတ် ပေါင် ငါးသိန်းကျော်အထိ ပေးချေသွားမည်ဟုလည်း Daily Mail က ရေးသားခဲ့သည်။ လက်ရှိတွင် ပရီးမီးယားလိဂ်လစာအများဆုံးအဖြစ် နာမည်ကျော်တိုက်စစ်မှူး စီရော်နယ်လ်ဒိုက ထိပ်ဆုံး၌ ရပ်တည်နေပြီး မန်စီးတီးအသင်း၌မူ ကွင်းလယ်လူ ဒီဘရိုင်းနားက အများဆုံး ရရှိထားသည်။ 

မန်စီးတီးအသင်းသည် အသက် ၂၁ နှစ်အရွယ်သာရှိသေးသည့် ဟော်လန်းကို စာချုပ်လျော်ကြေးအတိုင်း ပြောင်းရွှေ့ကြေး ပေါင် ၆၃ သန်းပေးကာ ခေါ်ယူရဖွယ်ရှိပြီး စီစဉ်ထားသည့်အတိုင်း အသေးစိတ် အချက်အလက်များညှိနှိုင်းမှု ပြီးဆုံးလျှင် လာမည့်ရက်သတ္တပတ်အနည်း ငယ်အတွင်း ငါးနှစ်စာချုပ် ချုပ်ဆိုသွားဖွယ်ရှိကြောင်း သိရသည်။ 

အင်္ဂလန်နိုင်ငံ၊ လိဒ်စ်မြို့တွင် မွေးဖွားခဲ့သည့် ဟော်လန်းသည် နော်ဝေကလပ် မိုလ်ဒီနှင့် သြစတြီးယားကလပ် ဆာလ်ဇ်ဘာ့ဂ်အသင်းများတွင်လည်း ကစားခဲ့ဖူးပြီး ယခုရာသီတွင်မူ ဒဏ်ရာပြဿနာအချို့နှင့် ကြုံတွေ့ခဲ့ရ သော်လည်း ဒေါ့မွန်အသင်းအတွက် ၃၁ ပွဲကစားရာတွင် ၃၃ ဂိုးအထိ သွင်းယူပေးထားခဲ့သည်။ 

ဟော်လန်း၏ဖခင်ဖြစ်သူ အဲ့လ်ဖ်အင်ဂီသည် နော်တင်ဟမ်၊ လိဒ်စ်နှင့် မန်စီးတီးအသင်းများတွင် ကစားခဲ့ဖူးသူဖြစ်ပြီး မန်စီးတီးသို့အပြောင်းအရွှေ့တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

Most Read

Most Recent