တကယ်ဆိုရင် တန်ဟက်ဂ်ဟာ ဘောလုံးအားကစားနည်းနဲ့မှ ကျော်ကြားရမယ့်သူ မဟုတ်ဘူး။ လူချမ်းသာမျိုးရိုးက ဆင်းသက်လာသူဟာ ရွေးချယ်စရာလမ်းကြောင်းများစွာ ရှိနေပါတယ်။ ဒါပေမဲ့ ဘောလုံးအားကစားနည်းနဲ့ပဲ ကျော်ကြားသူ ဖြစ်ချင်ခဲ့တယ်။ သူ့ဆီမှာခိုင်မာတဲ့ အကြောင်းပြချက် ရှိနေပါတယ်။ နယ်သာလန်အရှေ့ပိုင်း၊ ဟက်စ်ဘာဂျန်ကနေ လာသူဟာ ရည်မှန်းချက်ကြီးပြီး က မ္ဘာ့အကောင်းဆုံးနည်းပြတစ်ဦးဖြစ်လာဖို့ စိတ်ကူးယဉ်နေသူပါ။ အမ်စတာဒမ်၊ ရော့တာဒမ်နဲ့ သည်ဟိဂ်က လူတွေလောက် ခမ်းနားတဲ့ သမိုင်းကြောင်းမရှိတဲ့ ဟက်စ်ဘာဂျန်ရဲ့ဂုဏ်ကို တန်ဟက်ဂ် မြှင့်တင်ပေးချင်တယ်။ သူ့အဖေက တန်ဟက်ဂ်ကို စီးပွားရေးသမားပဲ ဖြစ်စေချင်တာ၊ သူ့ရဲ့ တခြားသားတွေလိုပဲ တန်ဟက်ဂ်ကို သန်းကြွယ်သူဌေးဖြစ်စေချင်တာ၊ ဒါပေမဲ့ တန်ဟက်ဂ်က ဘောလုံးမှ ဘောလုံးပဲ။
တန်ဟက်ဂ်နဲ့ ယူနိုက်တက်ရဲ့အနာဂတ်ပြဿနာ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















