ပြင်သစ်လီဂူးပွဲစဉ် (၃၃) ပွဲကြိုသုံးသပ်ချက်

ပြင်သစ်လီဂူးပွဲစဉ် (၃၃) ပွဲကြိုသုံးသပ်ချက်
Photo : Getty Images
Photo : Getty Images
Published 20 April 2022

အန်ဂါစ် - PSG (ကြာသပတေးနံနက် ၁း၃၀ နာရီ)

ဒီပွဲက ချန်ပီယံဆုအတွက် သေချာသလောက်ဖြစ်နေတဲ့ PSG ထက် တန်းဆင်းဇုန်အန္တရာယ်ရှိနေသေးတဲ့ အိမ်ရှင် အန် ဂါစ်အတွက် ပိုပြီးအရေးပါတဲ့ပွဲပါ။ အန်ဂါစ်တို့ ရလဒ်ပိုင်းမတည် ငြိမ်သေးပေမဲ့ တန်းဆင်းဇုန်ကလွတ်မြောက်ဖို့ ပွဲစဉ်တိုင်းကို ရုန်းကန်ကစားနေတာတွေ့ရတယ်။ အခုအိမ်ကွင်းပွဲမှာလည်း အန်ဂါစ်တို့ မထင်မှတ်ဘဲ သရေတစ်မှတ်ရသွားနိုင်ပါတယ်။

ဘရက်စ် - လိုင်ယွန် (ကြာသပတေးနံနက် ၁း၃၀ နာရီ)

ပြိုင်ဘက်တွေများနေလို့ လိုင်ယွန်အတွက် ဥရောပဝင်ခွင့် က ခက်ခဲသွားပါပြီ။ ဒါပေမဲ့ အဆုံးသတ်အထိ တိုက်ပွဲဝင်နေဦးမှာ တော့ သေချာပါတယ်။ လိုင်ယွန်ပဲ ရွေးထားချင်တယ်။

လန်းစ် - မောင့်ပယ်လီယာ (ကြာသပတေးနံနက် ၁း၃၀ နာရီ)

ဥရောပဝင်ခွင့်တစ်နေရာအတွက် လန်းစ်တို့ အိမ်ကွင်းမှာ အမှားခံမယ်မထင်ပါဘူး။ မောင့်ပယ်လီယာက ခြေမငြိမ်တဲ့အ သင်းပါ။ လန်းစ်နဲ့ ဂိုးအများကိုပဲ ရွေးထားကြည့်ချင်တယ်။

မာဆေးလ် - နန့်စ် (ကြာသပတေးနံနက် ၁း၃၀ နာရီ)

မာဆေးလ်ကလည်း အဆင့် (၂)နေရာကို အမိအရဖမ်း ဆုပ်ထားနိုင်ဆဲပါ။ ခြေစွမ်းလည်းတည်ငြိမ်နေသလို အိမ်ကွင်းဆို ရင်လည်း ဂိုးပိုရလေ့ရှိတယ်။ မာဆေးလ်နဲ့ ဂိုးအများပါပဲ။

စထရာဘိုး - ရန်းစ် (ကြာသပတေးနံနက် ၁း၃၀ နာရီ)

ဒီပွဲက နှစ်သင်းစလုံးရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ပြိုင်ဆိုင်မှုအ တွက် အရေးပါတဲ့ပွဲပါ။ လက်ရှိခြေစွမ်းအရလည်း (၂)သင်းစလုံး တည်ငြိမ်မှုကိုပြထားနိုင်သလို၊ အမှားမခံတော့တဲ့အခြေအနေ ဖြစ်တာကြောင့်လည်း သတိကြီးကြီးနဲ့ ကစားကြပါလိမ့်မယ်။ ဒီလိုအခြေအနေမျိုးမှာတော့ အိမ်ကွင်းအားကောင်းတဲ့ စထရာ ဘိုးကို ပိုပြီးယုံကြည်မိတာ အမှန်ပါပဲ။ ဂိုးတော့နည်းမယ်။

Most Read

Most Recent