စပိန်လာလီဂါပွဲစဉ် (၃၃)  ပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါပွဲစဉ် (၃၃)  ပွဲကြိုသုံးသပ်ချက်
Photo : AFP
Photo : AFP
Published 20 April 2022

ဆယ်လ်တာဗီဂို - ဂီတာဖေး (ကြာသပတေးနံနက် ၀၀း၃၀ နာရီ)

အစဉ်အလာတွေအရတော့  ဆယ်လ်တာဗီဂိုကို ဂီတာဖေး ကောင်းကောင်းယှဉ်နိုင်လေ့ရှိတာတွေ့ရတယ်။ လက်ရှိမှာလည်း ဆယ်လ်တာဗီဂိုထက် ဂီတာဖေးက တန်းဆင်းအန္တရာယ်နဲ့ ပိုနီး နေလို့ အမှတ်ပိုလိုနေတယ်။ ဂီတာဖေးနဲ့ ဂိုးအနည်းပါပဲ။

အိုဆာဆူနာ - ရီးယဲလ်မက်ဒရစ် (ကြာသပတေးနံနက် ၀၀း၃၀ နာရီ)

ရီးယဲလ်မက်ဒရစ်က ချန်ပီယံလမ်းကြောင်းပေါ်မှာ လက်ကျန်ပွဲတွေကို ထိန်းကစားရင်း ချန်ပီယံဆုဆီ အရောက် သွားနိုင်ဖို့ပဲလိုတော့တယ်။ အသင်းရဲ့ သမ္ဘာ၊ နည်းပြရဲ့ဝါရင့် အတွေ့အကြုံတွေအရလည်း ဒီလိုကစားသွားနိုင်ဖို့က မခက် လှဘူးထင်တယ်။ ဒါပေမဲ့ အသင်းက အခုတလော တိုက်စစ်နဲ့ ခံစစ်ပိုင်းမှာ ဟန်ချက်အနည်းငယ်လျော့နေသလိုမျိုး တွေ့နေရ ပြီး ဂိုးရရေးက ဘန်ဇီမာအပေါ် ပုံကျနေသလို ခံစစ်ကလည်း ပေးဂိုးတွေတက်လာသလိုတွေ့နေရတယ်။ လက်ရှိအခြေအနေ အရတော့ အိမ်ကွင်းမှာ ဖိအားမရှိဘဲ ပေါ့ပေါ့ပါးပါးပဲရင်ဆိုင်လာ ဖို့ရှိနေတဲ့ အိုဆာဆူနာနဲ့ ဂိုးအနည်းကိုပဲ ရွေးထားချင်တယ်။

အက်စ်ပန်ညို - ဗယ်လက်ကာနို (ကြာသပတေးည ၁၁း၃၀ နာရီ)

ဗယ်လက်ကာနိုရဲ့ လက်ရှိအဝေးကွင်းခြေစွမ်းနဲ့တော့ ရီး ယဲလ်မက်ဒရစ်ကိုတောင် အိမ်ကွင်းမှာအနိုင်ယူပြထားတဲ့ အက်စ် ပန်ညိုကို မယှဉ်နိုင်လောက်ဘူးထင်တယ်။ အိမ်ရှင် အက်စ်ပန် ညိုနဲ့ ဂိုးအများကိုပဲ ရွေးထားလိုက်တယ်။ 

လီဗန်တေး - ဆီဗီလာ (ကြာသပတေးည ၁၁း၃၀ နာရီ)

ဆီဗီလာရဲ့ အဝေးကွင်းမှာ ဂိုးပေါက်ပျောက်နေတတ်ပြီး  နိုင်ပွဲနဲ့ပါ ဝေးနေတဲ့ခြေစွမ်း၊ လီဗန်တေးရဲ့ တန်းဆင်းဇုန်မှ လွတ် အောင်အစွမ်းကုန်ရုန်းကန်ပြနေတဲ့ အခြေအနေတွေအရဆိုရင် တော့ ဒီပွဲလည်း ဆီဗီလာအတွက် အမှတ်ရရေးခက်ခဲမယ့် အဝေး ကွင်းပွဲဖြစ်နေဦးမယ်ထင်ပါတယ်။ အိမ်ကွင်းအားကို အစွမ်းကုန် အသုံးချနေတဲ့ လီဗန်တေးနဲ့ ဂိုးအနည်းပဲ ပိုကြိုက်နေမိတယ်။

Most Read

Most Recent