လာမည့်နွေရာသီတွင် ဘွန်ဒစ်လီဂါကလပ်အသင်းများထံ ပြောင်းရွှေ့ရန် အာဆင်နယ်ဂိုးသမား လေနို ဆန္ဒရှိ

လာမည့်နွေရာသီတွင် ဘွန်ဒစ်လီဂါကလပ်အသင်းများထံ ပြောင်းရွှေ့ရန် အာဆင်နယ်ဂိုးသမား လေနို ဆန္ဒရှိ
Photo: Getty Images
Photo: Getty Images
Published 17 April 2022

 

အာဆင်နယ်အသင်းမှ ဂျာမန်ဂိုးသမား လေနိုသည် နယူးကာဆယ်အသင်းထံ ပြောင်းရွှေ့လိုခြင်းမရှိဘဲ လာမည့်နွေရာသီတွင် ဘွန်ဒစ်လီဂါကလပ်အသင်းများထံ ပြောင်းရွှေ့ရန်သာ ဆန္ဒရှိနေကြောင်း သိရသည်။

လေနို(၃၀ နှစ်)သည် အာဆင်နယ်အသင်း အတွက် ပွဲ(၁၀၀)ကျော် ကစားပေးထားသူဖြစ်သော်လည်း ယခုရာသီတွင် ဒုတိယဂိုးသမားအဖြစ်သာ ရပ်တည်နေရသည်။ 

အာဆင်နယ်အသင်းက လာမည့်နွေရာသီတွင် ၎င်းကို ရောင်းထုတ်ရန် စီစဉ်နေရာ နယူးကာဆယ်အသင်းက ခေါ်ယူရန် စိတ်ဝင်စားနေသော်လည်း လေနိုက ဂျာမန်သို့ ပြန်ရန်သာ ရွေးချယ်ထားကြောင်း သိရသည်။

လေဗာကူဆင်မှ အာဆင်နယ်သို့ ရောက်ရှိခဲ့သည့် လေနိုကို အသင်းဟောင်း လေဗာကူဆင်ကလည်း ပြန်လည်ခေါ်ယူလိုနေကြောင်းလည်း သိရသည်။

Most Read

Most Recent