သင်္ကြန်ကာလအတွင်း မြန်မာမှ ထိုင်း နှင့် စင်ကာပူနိုင်ငံသို့ သွားရောက်လည်ပတ်မည့် ခရီးသည်များပြားမှုကြောင့် ရန်ကုန်- ဘန်ကောက်-ရန်ကုန်နှင့် ရန်ကုန်-စင်ကာပူ-ရန်ကုန် လေယာဉ်လက်မှတ်များ အားလုံး နီးပါးရောင်းချထားပြီးဖြစ်ကြောင်း သိရသည်။
“နိုင်ငံခြားခရီးမသွားရတာ ကြာတော့ သင်္ကြန်ကာလ ဘန်ကောက်မှာ အလည်အပတ်နဲ့ အလုပ်ကိစ္စအတွက် ရန်ကုန်-ဘန်ကောက် လေယာဉ်လက်မှတ်ဝယ်ဖို့ စုံစမ်း တာ အားလုံးနီးပါး ရောင်းထားပြီးဖြစ်တယ်လို့ သိရတယ်။ ဒါနဲ့ စင်ကာပူလက်မှတ်စုံစမ်း တော့လည်း စင်ကာပူလက်မှတ်လည်း မရှိတော့ဘူး။ အားလုံးရောင်းကုန်သွားပြီဆို လို့ သွားလို့မရတော့ဘူး” ဟု သင်္ကြန်ကာလတွင် ထိုင်းနိုင်ငံ သို့သွားရောက်ရန် လေယာဉ် လက်မှတ်ကြို တင် ဝယ်ယူရန် စုံစမ်းနေသည့် ခရီးသည်တစ် ဦးက ပြောသည်။
၂၀၂၀ ပြည့်နှစ်မှစ၍ ယာယီရပ်ဆိုင်းခဲ့သည့် Online e-Visa စနစ်ကို ပြန်လည် ဆောင်ရွက်မည်ဖြစ်ပြီး ဧပြီ ၁ ရက်မှစ၍ Business Visa လျှောက်ထားမှုများ ခွင့်ပြုမည်ဖြစ်ကြောင်း မတ် ၂၉ ရက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ ထုတ် ပြန်ချက်အရ သိရသည်။
ထုတ်ပြန်ချက်အရ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် Online e-Visa လျှောက်ထားရယူမှုများကို ၂၀၁၄ ခု နှစ် စက်တင်ဘာ ၁ ရက်မှစတင်၍ လွှင့်တင် ဆောင်ရွက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်း COVID-19 ဆိုင်ရာ ကူးစက် ရောဂါ ပြန့်ပွားမှုနှုန်း မြင့်မားလာသည့်အတွက် မြန် မာနိုင်ငံသို့ လာရောက်သည့် ခရီးသွား များအပေါ် ကြိုတင်ကာကွယ်မှု ဆောင် ရွက်သည့် ကန့်သတ်ချက်များနှင့်အညီ ၂၀၂၀ ပြည့်နှစ် မတ် ၂၀ ရက် မြန်မာစံတော်ချိန် (GMT+6:30) (23:59) အချိန်မှစတင်၍ ယာယီရပ်ဆိုင်းထားခဲ့ကြောင်း သိရသည်။
ယခုအခါ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားနှုန်း လျော့နည်းကျ ဆင်းလာသည့်အပြင် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ရန် အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ COVID-19 ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့် အညီ မြန်မာနိုင်ငံသို့ ဝင်ရောက်ခွင့်ပြုမည်ဖြစ် ရာ Online e-Visa စနစ်ကို ပြန်လည်စတင် ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်မှစတင်၍ Business Visa (လုပ်ငန်းဗီဇာ) လျှောက်ထားမှုများကို ခွင့်ပြုဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
Online e-Visa (Business) လျှောက်ထားရန်လိုအပ်သည့် သတ်မှတ်ချက်များအား မိမိဝန်ကြီးဌာန၏ website https://evisa.moip.gov.mm တွင် ဝင်ရောက်ကြည့် ရှု လေ့လာ၍ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်ဟု လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်း လိုင်း၏ ခရီးသည်များအနေဖြင့် တန်ဖိုးကြီး ပစ္စည်းများကို Check Baggage တွင် သယ် ဆောင်ခြင်းမပြုဘဲ hand Carry တွင် ထည့်ပြီး တစ်ပါတည်း ယူဆောင်သွားရန် အသိပေး ချက်ထုတ်ပြန်ထားကြောင်း ယင်းလေကြောင်းလိုင်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဧပြီ ၁ရက်မှစတင်ကာ COVID-19 ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးပြီး သည့် ခရီးသည်များ စင်ကာပူနိုင်ငံသို့ ဆိုက် ရောက်ချိန်တွင် Entry Approval ပြသရန် နှင့် Quarantine ဝင်ရန်မလိုအပ်တော့ ကြောင်း သတင်းရရှိသည်။
ရန်ကုန်-စင်ကာပူ-ရန်ကုန် ခရီးစဉ် ပျံ သန်းနေသည့် နိုင်ငံပိုင် မြန်မာအမျိုးသား လေကြောင်းလိုင်းက ထုတ်ပြန်သည့် အဆိုပါ ကြေညာချက်တွင် အခြားသတိပြုရန် အချက်များဖြစ်သည့် ခရီးစဉ်ထွက်ခွာချိန်မတိုင်မီ နှစ်ရက်အတွင်း စစ်ဆေး ထားသော PCR သို့မဟုတ် ART Test result ပြသရန် လိုအပ် ပြီး ခရီးစဉ်ထွက်ခွာချိန်မတိုင်မီ သုံးရက်အတွင်း Singapore Arrival Card အား အွန် လိုင်းမှတစ်ဆင့် ဖြည့်ပေးရန် လိုအပ်မည်ဖြစ် ကြောင်း ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် ပြည်တွင်းလေကြောင်းလိုင်း နှစ်ခုဖြစ်သည့် နိုင်ငံပိုင် မြန်မာအမျိုးသားလေ ကြောင်းလိုင်း (MNA) နှင့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) တို့ ရန်ကုန်-ဘန်ကောက်ခရီးစဉ်အား ပျံသန်းနေခြင်းဖြစ် သည်။















