၂၀၂၁ ခုနှစ် အောက်တိုဘာမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လအတွက် စုစုပေါင်းပြည်တွင်း ထုတ်လုပ်မှု နှင့် ဝန်ဆောင်မှု တန်ဖိုး (GDP) ကို ကျပ် ၇၄၈၉၃ ဒသမ ၁၆၇ ဘီလျံ၊စီးပွားရေးတိုး တက်မှုနှုန်းကို ၃ ဒသမ ၈ ရာခိုင်နှုန်း ခန့်မှန်းထားကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်သည့်၂၀၂၁ ခု နှစ် အောက်တိုဘာမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လအတွက် အရအသုံး ခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက် များအရ သိရသည်။
၂၀၂၁ ခုနှစ် အောက်တိုဘာမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လအတွက် နိုင်ငံတော်၏ စီးပွားရေးအခြေအနေ အကျဉ်းချုပ်တွင် စုစုပေါင်းပြည်တွင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ကို ကျပ် ၇၄၈၉၃ ဒသမ ၁၆၇ ဘီလျံ၊ စီးပွားရေးတိုးတက်မှုနှုန်းကို ၃ ဒသမ ၈ ရာခိုင်နှုန်း၊ ပြည်ထောင်စု၏ စုစုပေါင်းရငွေကို ကျပ် ၁၂၅၈၀ ဒသမ ၁၉၃ ဘီလျံ၊ ပြည်ထောင်စု၏ စုစုပေါင်းအသုံးစရိတ်ကို ကျပ် ၁၆၃၈၀ ဒသမ ၄၇၉ ဘီလျံဟု ခန့်မှန်းထားပြီး ပြည်ထောင်စု၏ စုစုပေါင်းလိုငွေမှာ ကျပ် ၃၈၀၀ ဒသမ ၂၈၆ ဘီလျံနှင့် လိုငွေနှင့် (GDP) အချိုးမှာ ၅ ဒသမ ၀၇ ရာခိုင် နှုန်းဖြစ်ကြောင်း ဖော်ပြထားသည်။
၂၀၂၁ ခုနှစ် အောက်တိုဘာမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လအတွက် အရ အသုံးခန့်မှန်းခြေငွေစာရင်းနှင့် ပြည်ထောင် စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၂ ရက် တွင် ကျင်းပသည့် ဘဏ္ဍာရေးဆိုင်ရာကော်မ ရှင်အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁) ၌ အတည်ပြုခဲ့ပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာ မှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လအတွက် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာဥပဒေကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥပဒေအမှတ် ၂၈/၂၀၂၁ ဖြင့် ပြဋ္ဌာန်းခဲ့သည်။
ဘဏ္ဍာရေးနှစ်ကို ဧပြီ ၁ ရက်မှ မတ် ၃၁ ရက်အထိ ပြောင်းလဲပြင်ဆင်သတ်မှတ်ခဲ့ ပြီးဖြစ်သဖြင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလ မှ ၂၀၂၂ ခုနှစ် မတ်လအထိ ကြားကာလ ခြောက်လအတွင်း ပြည်ထောင်စုဝန်ကြီးဌာန များနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ အနေဖြင့် ဌာနအတွက် အသုံးစရိတ် များထက် ပြည်သူလူထုကို တိုက်ရိုက်အကျိုး ပြုနိုင်သည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ကို ဦးစားပေး၍ ထိထိရောက်ရောက်သုံးစွဲ ရန် ရည်ရွယ်ကြောင်း၊ ယခု ခြောက်လ ဘဏ္ဍာရေးနှစ်တွင် မမျှော်လင့်သော အသုံးစရိတ် များအတွက် အရေးပေါ်ရန်ပုံငွေ ကျပ် ၅၆ ဘီလျံလျာထားသည့်အပြင် ကိုဗစ်-၁၉ ကပ် ရောဂါဆိုင်ရာ ကာကွယ်ထိန်းချုပ်ကုသရေး ဆိုင်ရာအသုံးစရိတ် လိုအပ်ချက်များအတွက် ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာအသုံးစရိတ် လိုအပ်ချက် များအတွက် ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ အထူးရန်ပုံငွေ ကျပ်ဘီလျံ ၁၀၀ လျာထားခဲ့ ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားခဲ့သည်။
ကိုဗစ်-၁၉အလွန်ကာလတွင် စီးပွားရေး ပြန်လည်ဦးမော့စေရေး၊ စီးပွားရေးတိုးတက်မှု ကိုအားလုံးခံစားခွင့်ရရှိရေးနှင့် မညီမျှလျှော့ချရေး၊ စီးပွားရေးပုံစံပြောင်းလဲမှုကို အထောက် အပံ့ဖြစ်စေရေး၊ ပြည်သူ့ဘဝလုံခြုံမှုနှင့် လူနေ မှုအဆင့်အတန်း တိုးတက်ရေးစသည့် မူဝါဒများကို ပ့ံပိုးပေးနိုင်ပြီး ထိရောက်သည့် အသုံး စရိတ်များဖြစ်စေရေးအတွက် ရည်ရွယ်ပြီး လတ်တလော ဆောင်ရွက်ရန် မလိုသေးသည့် စီမံကိန်းလုပ်ငန်းများ လျှော့ချခြင်း၊ ကဏ္ဍအလိုက်၊ ဒေသအလိုက် ချိတ်ဆက်မှုမြှင့်တင်ခြင်း၊ အမှန်တကယ်သုံးစွဲရန် လိုအပ်သည့် အသုံးစရိတ်ဖြစ်စေရေး အတွက် စိစစ်ခြင်း တို့ကို ဆောင်ရွက်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ချမှတ်ထားသည့် ဦးတည်ချက် ကိုးရပ်ပါ စီးပွားရေးဦးတည်ချက် များကို အစဉ်တစိုက် ကြိုးပမ်းအကောင်အ ထည်ဖော်ဆောင်ရွက်နိုင်ရန် အတွက်လည်း ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ် များပေါင်းစပ်ဆောင်ရွက်ကြရမည်ဖြစ် ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြား သည်။










