ရုရှားအနေဖြင့် ယူကရိန်းနိုင်ငံနှင့် ယူကရိန်းပြည်သူများအပေါ် စစ်ပွဲဆင်နွှဲခဲ့ခြင်းမဟုတ်ဘဲ ဒွန်းဘတ်စ်ဒေသတွင် ယူကရိန်း၏ ရှစ်နှစ်ကြာစစ်ပွဲဆင်နွှဲမှုကို အဆုံးသတ်ရန် ရည်ရွယ်သော အထူးစစ်ဆင်ရေး တစ်ရပ်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးထုတ်ပြန်

ရုရှားအနေဖြင့် ယူကရိန်းနိုင်ငံနှင့် ယူကရိန်းပြည်သူများအပေါ် စစ်ပွဲဆင်နွှဲခဲ့ခြင်းမဟုတ်ဘဲ ဒွန်းဘတ်စ်ဒေသတွင် ယူကရိန်း၏ ရှစ်နှစ်ကြာစစ်ပွဲဆင်နွှဲမှုကို အဆုံးသတ်ရန် ရည်ရွယ်သော အထူးစစ်ဆင်ရေး တစ်ရပ်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးထုတ်ပြန်
Published 3 March 2022

ရုရှားအနေဖြင့် ယူကရိန်းနိုင်ငံနှင့် ယူကရိန်းပြည်သူများအပေါ် စစ်ပွဲဆင်နွှဲခဲ့ခြင်းမဟုတ်ဘဲ ဒွန်းဘတ်စ်ဒေသတွင် ယူကရိန်း၏ ရှစ်နှစ်ကြာစစ်ပွဲဆင်နွှဲမှုကို အဆုံးသတ်ရန် ရည်ရွယ်သော အထူးစစ်ဆင်ရေးတစ်ရပ်ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင် ကြေညာခဲ့သည့် အထူးစစ်ဆင်ရေးနှင့်စပ်လျဉ်း၍  မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးက မတ် ၂ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါသံရုံး၏ထုတ်ပြန်ချက်တွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ရုရှားသမ္မတ ဗလာဒီမာပူတင် ကြေညာခဲ့သည့် အထူးစစ်ဆင်ရေးနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံရှိ မီဒီယာသတင်းရင်းမြစ်များတွင် ဖော်ပြနေသည့် သတင်းဆောင်းပါးအချို့သည် ပြည့်စုံမှုမရှိသော အချက်အလက်များအား အခြေခံရေးသားထားသည်ကို မြန်မာနိုင်ငံရှိ ရုရှားသံရုံးမှ သတိပြုမိကြောင်းနှင့် သံရုံးအနေဖြင့် ဓမ္မဓိဋ္ဌာန်ကျသော အချက်အလက်များကို မျှဝေပေးချင်ကြောင်း ဖော်ပြထားသည်။

ရုရှားအနေဖြင့် ယူကရိန်းနိုင်ငံနှင့် ယူကရိန်းပြည်သူများအပေါ် စစ်ပွဲဆင်နွှဲခဲ့ခြင်းမဟုတ်ဘဲ ဒွန်းဘတ်စ်ဒေသတွင် ယူကရိန်းက ရှစ်နှစ်ကြာစစ်ပွဲဆင်နွှဲမှုကို အဆုံးသတ်စေရန်အလို့ငှာ စစ်တပ်နှင့် စစ်ရေးလှုပ်ရှားမှုများ ကင်းပစေရန်နှင့် နာဇီဝါဒဖယ်ရှားရေးအတွက် ရည်ရွယ်သော အထူးစစ်ဆင်ရေးတစ်ရပ်ပင်ဖြစ်ကြောင်း ရုရှားသံရုံးက ထုတ်ပြန်သည်။

ထို့ပြင် ရုရှားစစ်တပ်အနေဖြင့် အဆုံးစွန်အထိ ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်မှုကို ပြသခဲ့ပြီး အရပ်သားများနှင့် မြို့များကို တိုက်ခိုက်ခဲ့ခြင်းမရှိဘဲ စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများကိုသာ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်းနှင့်  ရုရှားစစ်တပ်အနေဖြင့် ယူကရိန်းကဲ့သို့ တားမြစ်ထားသော လက်နက်များကို အသုံးပြုခြင်း၊ အရပ်သားများကို လူသားဒိုင်းအဖြစ် အသုံးချခြင်းမရှိဘဲ စစ်သုံ့ပန်းများကိုလည်း အစွမ်းကုန်လေးလေးစားစား ဆက်ဆံခဲ့ကြောင်း သံရုံး၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ ရုရှားအနေဖြင့် အပြန်အလှန်ဆွေးနွေးမှုများနှင့် စေ့စပ်ညှိနှိုင်းမှုများအတွက် အသင့်ရှိနေမှုကို ထပ်ကာတလဲလဲ စတင်ပြသခဲ့ပြီးဖြစ်ကြောင်းလည်း ရုရှားသံရုံးက ထုတ်ပြန်သည်။

ယင်းအပြင် ယူကရိန်းရှိ နျူကလီးယားဆိုင်ရာနေရာများသည် IAEA က အတည်ပြုထားသည့်အတိုင်းပင် ဘေးကင်းလုံခြုံလျက်ရှိကြောင်း၊ ရုရှားစစ်သည်များသည် ယူကရိန်းအမျိုးသားအစောင့်တပ်များနှင့်အတူ ချာနိုဘိုင်း နျူကလီးယားဓာတ်အားပေးစက်ရုံနှင့် Zaporizhzhia နျူကလီးယားဓာတ်အားပေးစက်ရုုံတို့၏ ဘေးကင်းလုံခြုံမှုရှိရေး သေချာစေရန် ဆောင်ရွက်လျက်ရှိကြောင်းလည်း သံရုံး၏ထုတ်ပြန်ချက်တွင် ပါရှိသည်။

Most Read

Most Recent