ပရီးမီးယားလိဂ်တွင် အဆင့် ၄ နေရာထက် ပိုမိုမြင့်မားသည့် ရပ်တည်မှုမျိုးကို မန်ယူအသင်းနည်းပြ ရန်းနစ် ပစ်မှတ်ထားနေ

ပရီးမီးယားလိဂ်တွင် အဆင့် ၄ နေရာထက် ပိုမိုမြင့်မားသည့် ရပ်တည်မှုမျိုးကို မန်ယူအသင်းနည်းပြ ရန်းနစ် ပစ်မှတ်ထားနေ
Photo: Getty Images
Photo: Getty Images
Published 1 January 2022

 

မန်ယူအသင်းနည်းပြ ရန်းနစ်သည် ယခုရာသီ ပရီးမီးယားလိဂ်တွင် အဆင့် ၄ နေရာထက် ပိုမိုမြင့်မားသည့် ရပ်တည်မှုမျိုးကို ပစ်မှတ်ထားနေကြောင်းသိရသည်။

မန်ယူအသင်းသည် ပြီးခဲ့သည့် ကြာသပတေးနေ့က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဘန်လေအသင်းကို အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်၌ (၃-၁)ဂိုးဖြင့် အနိုင်ရခဲ့သည်။ 

မန်ယူအသင်းသည် အဆိုပါပွဲစဉ်တွင် အနိုင်ရခဲ့ခြင်းကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင် (၁၈ ပွဲကစား) ရမှတ် ၃၁ မှတ် ဖြင့် အဆင့် ၆ နေရာတွင် ရပ်တည်နေပြီး အဆင့် ၅ နေရာမှ (၁၉ ပွဲကစားထားသည့်) ဝက်စ်ဟမ်းအသင်း(၃၁ မှတ်)နှင့် ရမှတ်တူ၊ အဆင့် ၄ နေရာမှ (၁၉ ပွဲကစားထားသည့်) အာဆင်နယ်အသင်း( ၃၅ မှတ်)နှင့် လေးမှတ်သာ ကွာဟနေသည်။ 

သို့သော် မန်ယူနည်းပြ ရန်းနစ်က မိမိတို့အသင်းအတွက် အဆင့် ၄ နေရာမှာ အနိမ့်ဆုံး မျှော်လင့်ချက်ဟု မပြောလိုကြောင်း  ပြောကြားခဲ့ခြင်းဖြစ်သည်။ ရန်းနစ်က "အဆင့် ၄ နေရာက ကျွန်တော်တို့အတွက် အနိမ့်ဆုံး မျှော်လင့်ချက်လို့တော့ မပြောချင်ပါဘူး။ ကျွန်တော့်အနေနဲ့ အသင်းရဲ့တိုးတက်မှုအကြောင်းကိုပဲ ပြောချင်ပါတယ်။ ကျွန်တော်တို့အသင်းဟာ ပရီးမီးယားလိဂ်မှာ ရှစ်ပွဲဆက်တိုက် ရှုံးပွဲမရှိကစားထားနိုင်ခဲ့ပါတယ်။ အခု ကျွန်တော်တို့အနေနဲ့ နောက်တစ်ဆင့်တက် ဖို့ ကြိုးစားရမှာပါ"ဟု ပြောကြားခဲ့သည်။

Most Read

Most Recent