"ဖလော်ရီယန် (ဖလော်ရီယန်ဗက်ဇ်)ဆီမှာ ခင်ဗျားအလိုရှိတဲ့ ကစားသမားကောင်းတစ်ဦးရဲ့ ၀ိသေသလက္ခဏာတွေ အကုန်ရှိပါတယ်" လို့ လေဗာကူဆင်အသင်းရဲ့ အားကစားဒါရိုက်တာ ဆိုင်မွန်ဟော့ဖ်စ်က သူ့တို့အသင်းရဲ့ ကြယ်ပွင့်ကစားသမားနဲ့ပတ်သက်လို့ ဂုဏ်ယူဝံ့ကြွားစွာ ကြွေးကြော်ခဲ့တယ်။ ပြီးခဲ့တဲ့ ၂၀၂၀-၂၁ ရာသီကစတင်လို့ တစ်စထက်တစ်ထက် ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာတဲ့ ဖလော်ရီယန်ဗက်ဇ်ရဲ့ တေးသွားတွေဟာ လက်ရှိအချိန်မှာတော့ ဘွန်ဒစ်လီဂါကိုကျော်လွန်လို့ ဥရောပတစ်ခွင်ဆီအထိ ကျယ်လောင်စွာမြည်ဟိန်းလာခဲ့ပြီ။ လူငယ်ကစားသမားတွေ၊ ဆယ်ကျော်သက်ကစားသမားတွေ အပြိုင်ဆိုင်တောင်ပံဖြန့်နေတဲ့ မော်ဒန်ခေတ်ဘောလုံးမှာ ဗက်ဇ်ကလည်း ဆယ်ကျော်သက်အရွယ်မှာပဲ အမြင့်ဆုံးအဆင့်တစ်ခုမှာပျံသန်းနိုင်ခဲ့တာပါ။ ဥရောပဘောလုံးလောကအတွက်၊ ဂျာမန်ဘောလုံးလောကအတွက် မျိုးဆက်သစ်ကြယ်ပွင့်တွေကို အမြဲမပြတ်မွေးထုတ်စင်တင်လေ့ရှိတဲ့ လေဗာကူဆင်အသင်းမှာ ဗက်ဇ်ဟာ နောက်ဆုံးထွက်ပေါ်ထားတဲ့ ရတနာဖြစ်တယ်။ လေဗာကူဆင်အသင်း ရဲ့ ကွင်းတွင်း၊ ကွင်းပြင်အရာရာအတွက် အပေါင်းလက္ခဏာဆောင်စေမယ့် မျှော်လင့်ချက်အသစ်တစ်ခုလည်းဖြစ်တယ်။
ဗက်ဇ်ဟာ လေဗာကူဆင်ရဲ့ ရတနာအသစ်
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















