စပိန်လာလီဂါပွဲစဉ် ပွဲကြိုသုံးသပ်

စပိန်လာလီဂါပွဲစဉ် ပွဲကြိုသုံးသပ်
Photo: Team Twitter
Photo: Team Twitter
Published 22 December 2021

ဂရန်နာဒါ - အက်သလက်တီကို (ကြာသပတေးနံနက် ၀၀း၃၀ နာရီ)

ရှုံးပွဲတွေဆက်ပြီး ခံစစ်ပိုင်းအားနည်းချက်တွေရှိနေတဲ့ လက်ရှိချန်ပီယံအက်သလက်တီကိုအတွက်တော့ စိုးရိမ်ရေ မှတ်ရောက်နေပါပြီ။ ဒါကြောင့် အခုပွဲမှာအက်သလက်တီကိုတို့ နိုင်ပွဲနဲ့အတူ ရုန်းထဖို့ကြိုးစားပါလိမ့်မယ်။ ဒါပေမဲ့ ဂရန်နာဒါက လက်ရှိမှာ ခြေစွမ်းတည်ငြိမ်နေပြီး အိမ်ကွင်းကစားအားလည်း ကောင်းမွန်ပါတယ်။ ဂရန်နာဒါအမှတ်ရသွားနိုင်ပါတယ်။

ဘီလ်ဘာအို - ရီးယဲလ်မက်ဒရစ်  (ကြာသပတေးနံနက် ၃း၀၀ နာရီ)

ရီးယဲလ်မက်ဒရစ်အတွက်တော့ ချန်ပီယံခရီးလမ်းက  ဖြောင့်ဖြူးလျက်ပါပဲ။ နိုင်ပွဲတွေဆက်လာတာနဲ့အမျှ အသင်း က ယုံကြည်မှုပိုမြင့်လာခဲ့ပြီး ဒီရာသီမှာလာလီဂါပြိုင်ဘက် တိုင်းထက် ခေါင်းတစ်လုံးသာတဲ့စွမ်းဆောင်ရည်ကို ပြထားနိုင် တဲ့အသင်းလည်းဖြစ်ပါတယ်။ ဘီလ်ဘာအိုကတော့ အိမ်ကွင်း အားနဲ့ ကစားတတ်တဲ့အသင်းဖြစ်ပြီး အစဉ်အလာအရလည်း ရီးယဲလ်ကို အိမ်ကွင်းမှာ အမြဲလိုလိုအခက်တွေ့အောင် ကစား နိုင်တဲ့အသင်းဖြစ်နေတယ်။ ဒီရာသီဘီလ်ဘာအိုရဲ့ခြေစွမ်းက တည်ငြိမ်မှုမရှိပေမဲ့ အခုလိုအသင်းကြီးတွေနဲ့တွေ့ရင် အမှတ် ရအောင်ယူပြီး ယုံကြည်မှုတည်ဆောက်ဖို့ ကြိုးစားလေ့ရှိပါ တယ်။ သရေကျဖို့များတဲ့ပွဲပါပဲ။

Most Read

Most Recent