နှလုံးခုန်နှုန်းပုံမှန်မဟုတ်သည့်ရောဂါကြောင့် အင်တာမီလန်အသင်းနှင့် စာချုပ်ဖျက်သိမ်းခဲ့ရသော ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်သည် မကြာမီ ဘောလုံးပြန်ကစားနိုင်လိမ့်မည်ဟု သူ၏အေးဂျင့်က ပြောကြားခဲ့သည်။
အဲရစ်ဆင်၏အေးဂျင့် မာတင်ရှုက ''အီတလီနိုင်ငံရဲ့ စည်းမျဉ်းတွေအရ သူ ဘောလုံးကစားခွင့်မရပေမဲ့ သူ့ကြ့ံခိုင်မှုအခြေအနေဟာ တိုးတက်နေပါတယ်။ မကြာခင်မှာ သူ ဘောလုံးပြန်ကစားနိုင်ပါလိမ့်မယ်။ ဆန်စီရိုကိုလည်း သူ ပြန်လာပြီး အင်တာမီလန်အသင်းပရိသတ်တွေကို နှုတ်ဆက်မှာပါ'' ဟု ပြောကြားခဲ့သည်။
အဲရစ်ဆင်ကို အသင်းဟောင်း အေဂျက်စ်က ပြန်လည်ခေါ်ယူရန်စိတ်ဝင်စားနေကြောင်း သိရသည်။















