Nations League ပြိုင်ပွဲတွင် တောင်အမေရိကအသင်းများ ယှဉ်ပြိုင်မည်

Nations League ပြိုင်ပွဲတွင် တောင်အမေရိကအသင်းများ ယှဉ်ပြိုင်မည်
Photo: UEFA
Photo: UEFA
Published 20 December 2021

ဥရောပလက်ရွေးစင်အသင်းများ ယှဉ်ပြိုင်ကစားနေသည့် Nations League ပြိုင်ပွဲတွင် တောင်အမေရိကအသင်းများ မကြာမီပါဝင်လာမည်ဖြစ်ကြောင်း UEFA ဒုဥက္ကဋ္ဌ ဘိုနီယက်ခ်က ပြောကြားခဲ့သည်။

ပိုလန်မီဒီယာတစ်ခုနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ၎င်းက '' တောင်အမေရိကဘောလုံးအဖွဲ့ချုပ်နဲ့ ကျွန်တော်တို့ ဆွေးနွေးခဲ့ပြီးပါပြီ။ ၂၀၂၄ ပြိုင်ပွဲကစပြီး တောင်အမေရိကအသင်းတွေ ပါဝင်လာမှာပါ''ဟု ဆိုခဲ့သည်။

ယခု ကနဦးလျာထားချက်အရ တောင်အမေရိကမှ ရပ်တည်မှုအမြင့်ဆုံး ထိပ်ဆုံး(၆)သင်းမှာ League A တွင် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ကျန်(၄)သင်းမှာLeague B  တွင် ယှဉ်ပြိုင်ရမည်ဟု သိရသည်။

ဥရောပဘောလုံးအဖွဲ့ချုပ်နှင့် တောင်အမေရိကဘောလုံးအဖွဲ့ချုပ်တို့သည် ယခုနောက်ပိုင်းတွင် ပူးပေါင်းဆောင်ရွက်မှုများစွာ ပြုလုပ်နေကြောင်းလည်း သိရသည်။

Most Read

Most Recent