■ လာလီဂါပွဲစဉ် (၁၈) ပွဲကြိုသုံးသပ်ချက် 

■ လာလီဂါပွဲစဉ် (၁၈) ပွဲကြိုသုံးသပ်ချက် 
Photo: Getty Images
Photo: Getty Images
Published 17 December 2021

ဗယ်လက်ကာနို - အလာဗတ်စ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၈ ရက် ည ၇:၃၀ နာရီ)

ဗယ်လက်ကာနိုရဲ့အိမ်ကွင်းကစားပုံက စိတ်ချရပါတယ်။ အခုနောက်ပိုင်း ဂိုးသွင်းနှုန်းနည်းနည်းလျော့နေပေမဲ့ အိမ်ကွင်းနိုင်ပွဲရအောင်တော့ ကစားနေနိုင်သေးတယ်။ အလာဗတ်စ်ကလည်း အခုတစ်လော ကစားပုံပြန်လျော့ပြီး နိုင်ပွဲတွေနဲ့ ပြန်ဝေးသွားတယ်။ ဗယ်လက်ကာနိုနဲ့ ဂိုးအများပဲ ရွေးထားချင်မိတယ်။ 



ဆိုစီဒက် - ဗီလာရီးယဲလ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၈ ရက် ည ၉:၄၅ နာရီ)

ဆိုစီဒက်ကစားပုံ သိသိသာသာကို ကျသွားတာတွေ့ရတယ်။ ခံစစ်ကစားပုံလျော့သွားတဲ့အချိန် တိုက်စစ်ကပါ ဂိုးရအောင်မကစားနိုင်တော့လို့ အမှတ်တွေ ဆုံးရှုံးခဲ့တာပါ။ ဆိုစီဒက်ထက်စာရင် ဗီလာရီးယဲလ်က အမှတ်ရအောင် ပိုကစားနိုင်လာတာတွေ့နေရတယ်။  ဗီလာရီးယဲလ်ရဲ့ ဂိုးသွင်းနိုင်အားလည်း ပြန်တက်လာနေတယ်။ ဗီလာရီးယဲလ်နဲ့ ဂိုးအနည်းပဲထင်တယ်။



ဘာစီလိုနာ - အယ်လ်ချီ (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၈ ရက် ည ၁၂:၀၀ နာရီ)

ဘာစီလိုနာက နိုင်ပွဲရအောင်ပြန်ယူရင်း စိတ်ဓာတ်ပိုင်းမြှင့်တင်ရမယ့် အချိန်ရောက်နေပါပြီ။ ဒဏ်ရာပြဿနာတွေ၊ ဂိုးမသွင်းနိုင်တဲ့ ပြဿနာတွေကြားမှာ ဇာဗီရဲ့ဘာစီလိုနာအတော်လေးကို ရုန်းနေရပေမဲ့ အယ်လ်ချီလိုအသင်းနဲ့ အိမ်ကွင်းမှာ ကစားရချိန်မှာတော့ အမှတ်ပြည့်ယူထားနိုင်ရေးက အရေးပါနေတယ်။ ဘာစီလိုနာနဲ့ ဂိုးအများပဲ ဦးစားပေးထားရမယ်။



ဆီဗီလာ - အက်သလက်တီကို (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၉ ရက် နံနက် ၂:၃၀ နာရီ)

ဆီဗီလာကတော့ ခြေလှမ်းမှန်မှန်နဲ့သွားနေတယ်။ အိမ်ကွင်းခြေစွမ်းလည်း စိတ်ချရသလောက်ရှိနေတယ်။ အက်သလက်တီကိုကတော့ ဒီရာသီအတက်အကျတွေနဲ့ ရုန်းကန်နေရတဲ့အသင်းဖြစ်နေတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး(၅)ပွဲမှာ (၃)ပွဲအထိရှုံးထားပြီး အခက်ကြုံနေတာ တွေ့ရတယ်။ အရင်က တောင့်တင်းတဲ့ခံစစ်ကစားပုံကို ပိုင်ဆိုင်ထားတဲ့ အက်သလက်တီကိုဟာ ဒီရာသီမှာတော့ ခံစစ်ကစားပုံ လုံးဝလျော့ကျနေပြီး အားရ စရာမရှိတော့ဘူးဖြစ်နေတယ်။ ပြိုင်ပွဲစုံနောက်ဆုံး (၅)ပွဲစလုံး ဂိုးပေးခဲ့ရတဲ့ ခံစစ်ကစားပုံမျိုးနဲ့ ဆီဗီလာကို အဝေးကွင်းမှာ ဂိုးမပေးရဖို့ အတော်လေးကို အားထုတ်ရမှာပါ။ အစဉ်အလာတွေအရလည်း အိမ်ကွင်းမှာ အက်သလက်တီကိုကို ကောင်းကောင်းတုံ့ပြန်နိုင်တဲ့အသင်းဖြစ်လို့ ဒီပွဲမှာ ဆီဗီလာ အမှတ်ရ အောင်ယူနိုင်မှာတော့ သေချာနေတယ်။ လက်ရှိအခြေအနေအရတော့ ဆီဗီလာနဲ့ ဂိုးအနည်းပဲ ရွေးထားချင်တယ်။ 

 

Most Read

Most Recent