■ ဘွန်ဒစ်လီဂါ ပွဲစဉ်-၁၆ ပွဲကြိုသုံးသပ်ချက်

■ ဘွန်ဒစ်လီဂါ ပွဲစဉ်-၁၆ ပွဲကြိုသုံးသပ်ချက်
Photos : Teams' Facebook
Photos : Teams' Facebook
Published 14 December 2021

◘ စတုဂတ် - ဘိုင်ယန်မြူးနစ်(မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၅ ရက် ဝဝးဝ၀ နာရီ)

နောက်ပိုင်း ဘွန်ဒစ်လီဂါပွဲတွေမှာ အသင်းငယ်တွေကိုတောင် ဘိုင်ယန်မြူးနစ်အသင်း ပြတ်ပြတ်သားသား အနိုင်မယူနိုင်တော့တာ အတော်လေးများလာပြီ။ ဒါပေမဲ့ စတုဂတ်အသင်းနဲ့ ပြီးခဲ့တဲ့(၂)ရာသီတွေ့ဆုံမှုမှာတော့ ဘိုင်ယန်က (၄)ပွဲစလုံး အနိုင်ယူထားပြီး ပွဲအားလုံး ဂိုးပြတ်အနိုင်ရခဲ့တာ တွေ့ရတယ်။  ဘိုင်ယန်တိုက်စစ်မှာ လီဝန်ဒေါစကီး ဂိုးသွင်းနှုန်းကျလာပြီး  နောက်ဆုံးကစားခဲ့တဲ့ (၄)ပွဲမှာ Open Play ကနေ တစ်ဂိုးပဲ သွင်းယူနိုင်ခဲ့တယ်။ စတုဂတ်ကလည်း နောက်ပိုင်းပွဲတွေမှာ ရလဒ်ကောင်းလာပြီး ခြေစွမ်းတက်နေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘိုင်ယန် ဂိုးတော့ပြတ်လောက်တယ်။

◘ ဝုလ်ဖ်ဘတ် - ကိုလုံး(မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၅ ရက် နံနက် ၂း၁၅ နာရီ)

ဝုလ်ဖ်ဘတ်အသင်း ပြိုင်ပွဲစုံ (၅)ပွဲဆက်ရှုံးထားပြီး (၇)ပွဲ ဆက် နိုင်ပွဲပျောက်ထားတယ်။ ဒါပေမဲ့ ဒီတစ်ပွဲတော့ ဝုလ်ဖ်ဘတ် နိုင်ပွဲပြန်ယူနိုင်ခြေရှိတယ်။

◘ မိန့်ဇ် - ဟာသာဘာလင်(မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၅ ရက် နံနက် ၂း၁၅ နာရီ)

မိန့်ဇ်အသင်းက အမှတ်ပေးပွဲ နောက်ဆုံး(၅)ပွဲမှာ (၁)ပွဲသာ အနိုင်ရထားတယ်။ အမှတ်ယူတတ်တဲ့ ဟာသာဘာလင် သရေမျှော်လင့်နိုင်ခြေရှိတယ်။

◘ အာမီးနီးယား - ဘိုဟုမ်(မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၅ ရက် နံနက် ၂း၁၅ နာရီ)

အာမီးနီးယားက အခုချိန်အထိ အိမ်ကွင်းနိုင်ပွဲ လုံးဝမရှိသေးတဲ့အသင်းပါ။ ရလဒ်ကောင်းနေတဲ့ ဘိုဟုမ်အသင်း အမှတ်ထပ်ရဦးမယ်။

Most Read

Most Recent