နယူးကာဆယ်နဲ့ပွဲမှာ ရှယ်လ်ဗေးရဲ့ ကန်ချက်ကို ခုန်ပျံပုတ်ထုတ်ခဲ့တဲ့ အာဆင်နယ်ဂိုးသမား ရမ်းစ်ဒေးလ်ရဲ့ လက်စွမ်းပြမှုအပေါ် ESPN က တင်စားလိုက်တာဖြစ်ပါတယ်။ ရမ်းစ်ဒေးလ် ပျံနိုင်သည်တဲ့။ ဒီကာကွယ်မှုနဲ့သာ သက်ဆိုင်တဲ့ စကားလုံးလို့ ထင်ရပေမဲ့ တကယ်တော့ ရမ်းစ်ဒေးလ်ရဲ့ အဲဒီလိုကာကွယ်မှုများစွာအပေါ် ချီးကျူးချင်တာ ဖြစ်နိုင်ပါတယ်။ အာဆင်နယ်အသင်းအတွက် ပြိုင် ပွဲစုံ(၁၁)ပွဲ ကစားခဲ့ရာမှာ ဂိုးမပေးရတဲ့ပွဲ (၇)ပွဲအထိ ရှိခဲ့တာကြောင့် ရမ်းစ်ဒေးလ်အနေနဲ့ လက်စွမ်းပြ ကာကွယ်မှုတွေ ဘယ်လောက်ပြုလုပ်ခဲ့ပြီးပြီလဲဆိုတာလည်း ခန့်မှန်းလို့ရနိုင်ပါတယ်။ ရွှေထီးဆောင်းခဲ့စဉ်က အာဆင်နယ်အသင်းလိုမျိုးဆိုရင် ဒီမှတ်တမ်းက သိပ်မထူးခြားဘူးလို့ ဆိုနိုင်ပေမဲ့ လက်ရှိ အာဆင်နယ်အသင်းက အရင်လိုအရှိန်အဝါမျိုး ပြန်ရဖို့ တည်ဆောက်ယူနေရတုန်း အခြေအနေပါ။ ဒီနေရာမှာ ရမ်းစ်ဒေးလ်က အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ပြီး ဂိုးပေါက်ကို စောင့်ကြပ်ခွင့်ရတဲ့ (၁၁)ပွဲမှာ နိုင်ပွဲ(၈)ပွဲ ရရှိခဲ့ပါတယ်။ အာဆင်နယ်အသင်း နိုင်ပွဲတွေဆက်ပြီး ရလဒ်ကောင်းတွေ ပြန်ရလာတာဟာ ရမ်းစ်ဒေးလ် ပထမဂိုးသမားအဖြစ် ပွဲထွက်ခွင့် ရရှိခဲ့ပြီးနောက်မှလည်း ဖြစ်ပါတယ်။
ရမ်းစ်ဒေးလ် ပျံနိုင်သည်
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။
ဝယ်ယူထားပြီးဖြစ်ပါက Login လုပ်ရန်
Most Read
Most Recent
12 hours ago
12 hours ago
12 hours ago
12 hours ago
12 hours ago
12 hours ago