တူဟယ်လ်ဟာ ချယ်လ်ဆီးအသင်းကို စရောက်လာပြီးချိန်မှာ အမှန်ကန်ဆုံးနဲ့ အမြန်ဆန်ဆုံးလုပ်ကိုင်ခဲ့တာက အစည်းပြေနေတဲ့ ခံစစ်ကို တည်ငြိမ်မှုရအောင် တည်ဆောက်ခဲ့တာပါလို့ ချယ်လ်ဆီးကစားသမားဟောင်း ဂျိုးကိုးလ်က ဖွင့်ဟခဲ့ဖူးတယ်။ တူဟယ်လ်ဟာ ယုံကြည်မှုပျက်ပြားနေတဲ့ ခံစစ်စွမ်းဆောင်ရည်ကို ဥရောပရဲ့အမာကျောဆုံးသော ခံစစ်ဖြစ်အောင် တစ်မုဟုတ်ချင်း တည်ဆောက်ပြခဲ့တယ်။ လူမှန်၊ နေရာမှန်၊ စွမ်းဆောင်ရည်မှန်ဖြစ်ဖို့ကို ဦးစားပေးခဲ့တယ်။ ဒါ ကြောင့်လည်း ချယ်လ်ဆီးအသင်း ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ဗိုလ်စွဲရာမှာ ဂိုးမပေးရတဲ့ပွဲ (၁၀)ပွဲဲအထိရှိခဲ့တဲ့ ခံစစ်မာကျောမှုက အခရာကျခဲ့တယ်။ တူဟယ်လ်ဟာ PSG မှာလက်တွဲခဲ့ပြီးတဲ့ တပည့်ဟောင်း သီယာဂိုဆေးလ်ဗားနဲ့ ဂျာမန်သား ရူဒီဂါကို ဗဟိုပြုပြီး ခံစစ်ကို တည်ဆောက်တယ်။ သူတို့ (၂) ဦးစလုံးဟာ ခံစစ်ပိုင်းစွမ်းဆောင်ရည်မှာ အရေးပါဆုံးဖြစ်တဲ့ အမာထန်ဆုံးဦးဆောင်မှုအတွက် အပြည့်အဝ တာဝန်ကျေခဲ့တယ်။ သီယာဂိုဆေးလ်ဗား နဲ့ တွဲဖက်ရင်းပဲ ရူဒီဂါဟာ ကမ္ဘာ့အဆင့်ခံစစ်မှူး ဖြစ်လာတယ်။ ခရစ္စတန်ဆင်ဟာ ပိုပြီးတည်ငြိမ်ရင့်ကျက်မှုကို ပြလာနိုင်တယ်။
အခမ်းနားဆုံး စွမ်းဆောင်ရည်ဖြင့် စီခြယ်ခြင်း
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။
ဝယ်ယူထားပြီးဖြစ်ပါက Login လုပ်ရန်
Most Read
Most Recent
13 hours ago
13 hours ago
13 hours ago
13 hours ago