ဒီရာသီမှာ ကွန်းဖရန့်လိဂ်ဆိုတဲ့ ပြိုင်ပွဲတစ် ရပ် အသစ်ပေါ်ထွက်လာတာကြောင့် UEFA ရဲ့ လက်အောက်မှာ ဥရောပအဆင့် ကလပ်အသင်း ပြိုင်ပွဲ(၃)ခု ဖြစ်သွားခဲ့ပါတယ်။ ချန်ပီယံလိဂ်၊ ယူရို ပါလိဂ်နဲ့ ကွန်းဖရန့်လိဂ်တို့ဖြစ်ပြီး တစ်ခုနဲ့တစ်ခု လည်း ချိတ်ဆက်ထားပါတယ်။ ချန်ပီယံလိဂ်အုပ်စု အဆင့်မှာ တတိယနေရာရရှိတဲ့အသင်းတွေက ယူ ရိုပါလိဂ်ဘက်ကို ကူးပြောင်းယှဉ်ပြိုင်ခွင့်ရရှိမှာဖြစ် သလို၊ ယူရိုပါလိဂ်အုပ်စုအဆင့်မှာ တတိယနေရာ ရရှိတဲ့အသင်းတွေကလည်း ကွန်းဖရန့်လိဂ်ဘက် ကို ကူးပြောင်းယှဉ်ပြိုင်ခွင့်ရရှိမှာပါ။ ဒီတော့ အင် အားကြီးထိပ်သီးအသင်းတွေအနေနဲ့ ဥရောပပြိုင်ပွဲ ကနေ လွယ်လွယ်ထွက်သွားရနိုင်ခြေမရှိဘဲ အရင် ကထက်ပိုပြီး အသက်ဆက်ခွင့်ရလာသလိုလည်း ရှိနေပါတယ်။ ဒီလိုဖြစ်အောင်လည်း ဥရောပဘော လုံးအဖွဲ့ချုပ်က ရည်ရွယ်ဖန်တီးထားခဲ့တာဖြစ်ပြီး ပရိသတ်တွေဆီက ငွေကြေးကို ရနိုင်သမျှ ကဲ့ယူဖို့ ကြိုးစားခြင်းလို့လည်း ဆိုနိုင်ပါတယ်။ အဆင့်အနိမ့် ဆုံး ကွန်းဖရန့်လိဂ်ပြိုင်ပွဲအပေါ် ပရိသတ်တွေက အာရုံနည်းနည်းသာရောက်ရှိသေးပေမဲ့ သူ့အတိုင်း အတာနဲ့သူ၊ သူ့ပရိသတ်နဲ့သူတော့ ရှိတာပါပဲ။ အ နည်းဆုံးတော့ ယှဉ်ပြိုင်ခွင့်ရရှိတဲ့အသင်းတွေရဲ့ အမာခံပရိသတ်တွေကတော့ အားပေးကြမှာဖြစ် ပြီး တချို့အသင်းငယ်တွေအတွက် ဒါဟာ ပထမ ဆုံးသော ရတောင့်ရခဲ ဥရောပယှဉ်ပြိုင်ခွင့်လည်း ဖြစ်လာနိုင်ပါတယ်။ ဒီအတွက် မျှော်လင့်ချက်အ သစ်တစ်ခု ဖြစ်လာအောင်၊ အရင်ကထက်ပိုပြီး ပြင် ဆင်အားထုတ်ချင်လာအောင်UEFA က ရည် ရွယ်ခြင်းလည်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ချန်ပီယံဆု ကိုတော့ အင်အားကြီးမားတဲ့ ထိပ်သီးလိဂ်က အ သင်းတွေသာ မျှော်မှန်းနိုင်မှာဖြစ်ပြီး အသင်းငယ် တွေအနေနဲ့ကတော့ တစ်ဆင့်ပြီးတစ်ဆင့် တက် လှမ်းနိုင်ဖို့သာ မျှော်လင့်ရမယ့်အခြေအနေမျိုးပါ။ ကွန်းဖရန့်လိဂ် ဖန်တီးခဲ့ခြင်းအပေါ် ငွေဖော်တဲ့ ပြိုင် ပွဲတစ်ခုအဖြစ် ဝေဖန်ပြစ်တင်သူတွေ ရှိပေမဲ့ ကြိုဆို ထောက်ခံသူတွေလည်း ရှိတာပါပဲ။ ဘယ်လိုပဲဖြစ် ဖြစ် ဒီပြိုင်ပွဲကနေ ဥရောပအဆင့် ဆုဖလားအောင် မြင်မှုတစ်ခုကို ရယူနိုင်ခြေရှိတယ်လို့ ယူဆသူတွေ လည်း ရှိပါတယ်။ စပါးလို အောင်ပွဲတွေနဲ့ အလှမ်း ဝေးနေတဲ့ ထိပ်သီးအသင်းတချို့အတွက်တော့ နှစ် သိမ့်ဆုတစ်ခုလို့ သတ်မှတ်နိုင်ပါလိမ့်မယ်။
အင်္ဂလန်တွေရဲ့ ဥရောပရှေ့ခရီး
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။
ဝယ်ယူထားပြီးဖြစ်ပါက Login လုပ်ရန်
Most Read
Most Recent
13 hours ago
13 hours ago
13 hours ago
13 hours ago