ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်အသင်းသည် ချယ်လ်ဆီးအသင်း၏ ဂျာမန်လက်ရွေးစင်နောက်ခံလူရူဒီဂါအား လက်ရှိချယ်လ်ဆီးအသင်းတွင် သူရရှိနေသောလစာငွေ၏ (၂)ဆပေးပြီး ခေါ်ယူရန် ဆန္ဒရှိနေကြောင်း သိရသည်။
ရူဒီဂါသည် ချယ်လ်ဆီးအသင်းတွင် တစ်နှစ်လစာငွေ ပေါင်(၅)သန်းရရှိနေပြီး ဘိုင်ယန်မြူးနစ်အသင်းက တစ်နှစ်ပေါင်(၁၀)သန်းပေးရန် အသင့်ရှိနေကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းနှင့် စာချုပ်သက်တမ်းနောက်ဆုံးနှစ်သို့ ရောက်ရှိနေသည့် ရူဒီဂါသည် ချယ်လ်ဆီးအသင်း၌သာ ဆက်ကစားလိုနေပြီး အသင်းက လစာငွေတိုးမြှင့်ကာ စာချုပ်သစ်ချုပ်ဆိုရန် မျှော်လင့်နေကြောင်း သိရသည်။