ဒဂုံဆိပ်ကမ်းမြို့နယ်တွင် YBS-4 ယာဉ်တစ်စီးနှင့် မှော်ဘီမြို့နယ် ပြည်လမ်းပေါ်တွင် ကုန်တင်ယာဉ်တစ်စီး မီးလောင်ကျွမ်းမှုဖြစ်ပွား

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် YBS-4 ယာဉ်တစ်စီးနှင့် မှော်ဘီမြို့နယ် ပြည်လမ်းပေါ်တွင် ကုန်တင်ယာဉ်တစ်စီး မီးလောင်ကျွမ်းမှုဖြစ်ပွား
Published 16 November 2021

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် YBS-4 ယာဉ်တစ်စီးနှင့် မှော်ဘီမြို့နယ် ပြည်လမ်းပေါ်တွင် ကုန်တင်ယာဉ်တစ်စီးတို့ နိုဝင်ဘာ ၁၆ ရက်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရတနာနှင်းဆီအိမ်ရာ လမ်းသွယ် (၁) ရှိ ခရီးသည်တင်ယာဉ်လိုင်းအမှတ် (၄) ကားဂိတ်တွင် ရပ်ထားသည့် YBS-4 ယာဉ်တစ်စီးသည် နိုဝင်ဘာ ၁၆ ရက် နံနက် ၁၁ နာရီခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

YBS (4) ကားဂိတ်တွင် ရပ်ထားသည့် YBS ယာဉ်တစ်စီးမီးလောင်မှုသို့ ဒဂုံဆိပ်ကမ်းမြို့နယ်မှ မီးသတ်ယာဉ်တစ်စီးနှင့် သာကေတမြို့နယ်မှ မီးသတ်ယာဉ်တစ်စီးတို့ ထွက်ခွာမီးငြှိမ်းသတ်ခဲ့ပြီး ၁၁ နာရီခွဲတွင် မီးငြိမ်းသွားကြောင်းသိရသည်။

ထို့ပြင် မှော်ဘီမြို့နယ်၊ ဆပ်သွားတောကျေးရွာ၊ ရန်ကုန်-ပြည်လမ်း၊ မိန်းမလိုင်းမှတ်တိုင်အနီးတွင် နိုဝင်ဘာ ၁၆ ရက် နံနက် ၆ နာရီခန့်က ကုန်တင်ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်မီးလောင်မှုသို့ မှော်ဘီမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်နှစ်စီး၊ ရေသယ်ယာဉ်တစ်စီး၊ ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး နံနက် ၆ နာရီ ၁၀ မိနစ်ခန့်တွင်  မီးငြိမ်းသွားကြောင်း သိရသည်။

Most Read

Most Recent