CHID ဘဏ်က ဆောက်လုပ်ရေးချေးငွေနှင့် ကူးသန်းရောင်းဝယ်ရေးချေးငွေ နှစ်စဉ်ထုတ်ချေးလျက်ရှိရာ တည်ဆောက်ရေးချေးငွေ ၅၁ ရာခိုင်နှုန်းနှင့် အိမ်ရာဝယ်ယူရေးချေးငွေ ၂၅ ရာခိုင်နှုန်း ထုတ်ချေး

CHID ဘဏ်က ဆောက်လုပ်ရေးချေးငွေနှင့် ကူးသန်းရောင်းဝယ်ရေးချေးငွေ နှစ်စဉ်ထုတ်ချေးလျက်ရှိရာ တည်ဆောက်ရေးချေးငွေ ၅၁ ရာခိုင်နှုန်းနှင့် အိမ်ရာဝယ်ယူရေးချေးငွေ ၂၅ ရာခိုင်နှုန်း ထုတ်ချေး
တန်ဖိုးနည်းအိမ်ရာ ဝယ်ယူခွင့်ရရှိသူများ စာရင်းထုတ်ပြန်ထားရာ လာရောက်ကြည့်ရှုနေသူများကို ယခင်နှစ်က တွေ့ရစဉ်
တန်ဖိုးနည်းအိမ်ရာ ဝယ်ယူခွင့်ရရှိသူများ စာရင်းထုတ်ပြန်ထားရာ လာရောက်ကြည့်ရှုနေသူများကို ယခင်နှစ်က တွေ့ရစဉ်
Published 16 November 2021

ဆောက်လုပ်ရေး၊အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID) အနေဖြင့် ဆောက်လုပ်ရေးချေးငွေနှင့် ကူးသန်းရောင်းဝယ်ရေးချေးငွေများကို နှစ်စဉ်ထုတ်ချေးပေးလျက်ရှိသည့်အပြင် အိမ်ရာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ တည်ဆောက်ရေးချေးငွေ စုစုပေါင်း ၅၁ ရာခိုင်နှုန်းနှင့် အိမ်ရာဝယ်ယူရေးချေးငွေ ၂၅ ရာခိုင်နှုန်း ထုတ်ချေးပေးနိုင်ခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးရွှေလေးက ပြောကြားခဲ့သည်။

နှစ်စဉ်နိုင်ငံတော်ဘတ်ဂျက်ပါ ခွင့်ပြုငွေများဖြင့် ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များမှ တင်ဒါအောင်မြင်သော ဆောက်လုပ်ရေးကုမ္ပဏီများ၊ လုပ်ငန်း ရှင်များကိုနိုင်ငံတော်၏ တည်ဆောက်ရေး လုပ်ငန်းများကို အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ချိန် ဘဏ္ဍာနှစ် ပြီးစီးရန် လိုအပ်နေသည့် ငွေကြေးများအား ထုတ်ချေးနိုင်ခဲ့ပြီး ဆောက်လုပ်ရေးကုမ္ပဏီနှင့် လုပ်ငန်းရှင် ၆၆၈ ဦးကို ချေးငွေကျပ် ၉၇ ဘီလျံအထိ ပံ့ပိုးပေးနိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်အထိ အိမ်ရာချေးငွေရယူသူ ၆၀၆၇ ဦးကို ချေးငွေပမာဏကျပ် ၇၁ ဘီလျံ ဘဏ္ဍာငွေထောက်ပံ့ပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ ဘဏ်လုပ်ငန်းများ တိုးတက်ဆောင်ရွက်လာနိုင်သည့်နှင့်အမျှ နိုင်ငံတော်သို့ ဝင်ငွေခွန်များကို ၂၀၁၄-၂၀၁၆ ဘဏ္ဍာနှစ်မှစ၍ နှစ်စဉ်တိုးမြင့်ပေးဆောင်လာခဲ့ရာ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်အထိ စုစုပေါင်းကျပ် ၁၈ ဘီလျံကျော် ထမ်းဆောင်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးဦးရွှေလေးက ပြောကြားခဲ့သည်။

လက်ရှိတွင် အဆိုပါဘဏ်ကို နိုင်ငံတော်၏ စီးပွားရေးမူဝါဒနှင့်အညီ အိမ်ရာကဏ္ဍဖွံ့ဖြိုးရေးအပြင် နိုင်ငံ့စီးပွားရေးကဏ္ဍဖွံ့ဖြိုးရေးအတွက် လျှပ်စစ်ဓာတ်အား၊လမ်း၊တံတားစသည့်  အခြေခံအဆောက်အအုံများအပြင် လူမှုရေးအခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်စေရေးကိုပါ ဘဏ္ဍာငွေကြေးထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်၍ ဘဏ်၏အမည်ကို Infrastructure ပါ ထည့်သွင်းပြီး ၂၀၁၈ ခုနှစ် ဇွန် ၁ရရက်တွင် CHD Bank (Construction and Housing Development Bank) မှ CHID (Construction, Housing and Infrastructure Development Bank) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆောက်လုပ်ရေး၊အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေထုတ်ချေးထားမှု အခြေအနေမှာ Construction Loan တွင် အများဆုံးဖြစ်ကြောင်းနှင့် Construction Loan တွင်  ချေးငွေကျပ် ၁၂၁ ဒသမ ၄၃ ဘီလျံ ၊Construction Loan အတွက် ချေးငွေ ကျပ် ၈၀ ဒသမ ၈၇ ဘီလျံ၊ Housing Loan အတွက် ချေးငွေကျပ် ၂၄ ဒသမ ၆၁ ဘီလျံနှင့် Employee Loan အတွက် ချေးငွေကျပ် ၀ ဒသမ ၁၀ ဘီလျံအထိဖြင့် စုစုပေါင်းကျပ်၂၂၇ ဘီလျံကျော် ထုတ်ချေးထားကြောင်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်က ရန်ကုန်မြို့ရှိ Rose Garden Hotel ၌ ကျင်းပသည့် ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်၏ ပဥ္စမအကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေးမှ သိရသည်။

ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်မှ ဆောက်လုပ်ရေးလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် အိမ်ရာချေးငွေစသည်တို့အတွက် ချေးငွေကျပ် ၂၂၇ ဘီလျံကျော် ထုတ်ချေးထားပြီး အတိုးနှုန်းအနေဖြင့် ၁၀ ဒသမ ၅၊ ၁၁ နှင့် ၁၃ ရာခိုင်နှုန်းအသီးသီး သတ်မှတ်ကာ ထုတ်ချေးနေခြင်းဖြစ်ကြောင်း အဆိုပါဘဏ်မှ သိရသည်။

Most Read

Most Recent