COVID-19 ဓာတ်ခွဲနမူနာ ၂၆၁၉၈ ခု အား စစ်ဆေးရာ အတည်ပြုလူနာသစ် ၉၉၂ ဦး တွေ့ရှိပြီး ၁၇ ဦး ထပ်မံသေဆုံး

COVID-19 ဓာတ်ခွဲနမူနာ ၂၆၁၉၈ ခု အား စစ်ဆေးရာ အတည်ပြုလူနာသစ် ၉၉၂ ဦး တွေ့ရှိပြီး ၁၇ ဦး ထပ်မံသေဆုံး
Published 12 November 2021

နိုဝင်ဘာ ၁၁ ရက် ည ၈ နာရီမှ နိုဝင်ဘာ ၁၂ ရက် ည ၈ နာရီအထိ COVID-19 ဓာတ်ခွဲနမူနာ  ၂၆၁၉၈   ခုအား စစ်ဆေးရာ အတည်ပြုလူနာသစ် ၉၉၂  ဦး တွေ့ရှိပြီး ၁၇ ဦး ထပ်မံသေဆုံးကြောင်း နိုဝင်ဘာ ၁၂ ရက် ညပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

ယင်းကြောင့် နိုဝင်ဘာ ၁၂ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၅,၁၆၁,၂၉၅ ခုအား စစ်ဆေးခဲ့ပြီးဖြစ်ကာ ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း ၅၁၁,၇၁၇ ဦးတွေ့ရှိပြီး သေဆုံးသူ  စုစုပေါင်း ၁၈,၈၉၉ ဦး ရှိကြောင်း သိရသည်။ 

ထို့ပြင်  နိုဝင်ဘာ ၁၂  ရက်တွင် ဆေးရုံ ဆင်းခွင့်ရရှိသူ ၈၇၀ ဦးရှိသဖြင့် ဆေးရုံ ဆင်းခွင့်ရရှိသူ စုစုပေါင်း ၄၈၂,၈၇၇  ဦး ရှိပြီဖြစ် ကြောင်း သိရသည်။ 

ထိုသို့ ဓာတ်ခွဲစမ်းသပ်မှုများကို ကျန်းမားရေးဝန်ကြီးဌာန ဓာတ်ခွဲခန်းများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံများတွင် GeneXpert စက်များဖြင့် ဓာတ်ခွဲစမ်းသပ်မှုအခြေအနေ၊ ရန်ကုန်မြို့ အမှတ် (၁) တပ်မတော် ဆေးရုံ ကြီး(ခုတင် ၁၀၀၀) ၊နေပြည်တော် အမှတ်(၂)တပ်မတော်ဆေးရုံကြီး(ခုတင် ၁၀၀၀)၊  စစ်တွေမြို့ အမှတ်(၁၇) တပ်မတော်ဆေးရုံ ကုတင် (၁၀၀)လားရှိုးမြို့ အမှတ်(၉) တပ်မတော်ဆေးရုံ ကုတင်(၁၀၀)ပုဂ္ဂလိကဆေးရုံနှင့်ဓာတ်ခွဲခန်းများ၊ နေပြည်တော်ကောင်စီ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံများတွင် COVID-19 Rapid Antigen Diagnostic Test စစ်ဆေးမှုအခြေအနေ ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန များတွင်  COVID-19 Rapid Antigen Diagnostic Test ဖြင့် စစ်ဆေးခဲ့သည့် စစ်ဆေးမှုများဖြစ်ကြောင်း သိရသည်။

Most Read

Most Recent