မြန်မာနိုင်ငံ၌ နိုဝင်ဘာ ၉ ရက်အထိ  COVID-19 ကာကွယ်ဆေးထိုးနှံမှု ရရှိသူ စုစုပေါင်း ၁၄ သန်းကျော်ရှိ

မြန်မာနိုင်ငံ၌ နိုဝင်ဘာ ၉ ရက်အထိ  COVID-19 ကာကွယ်ဆေးထိုးနှံမှု ရရှိသူ စုစုပေါင်း ၁၄ သန်းကျော်ရှိ
Published 11 November 2021

မြန်မာနိုင်ငံတွင် နိုဝင်ဘာ ၉ ရက်အထိ COVID-19 ကာကွယ်ဆေးထိုးနှံမှုရရှိသူ စုစုပေါင်း ၁၄ သန်းကျော်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

COVID-19 ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ နိုဝင်ဘာ ၉ ရက်အထိ ကာကွယ်ဆေး နှစ်ကြိမ်ပြည့်ထိုးနှံပြီးစီးသူ ၈၈၅၃၅၅၄ ဦး (၈ ဒသမ ၈၅ သန်း) နှင့် တစ်ကြိမ်ထိုးနှံပြီးစီး သူ ၅၃၀၃၆၄၆ ဦး (၅ ဒသမ ၃ သန်း)၊ ထိုးနှံပြီး စီးသည့် လူဦးရေစုစုပေါင်း  ၁၄၁၅ ၇၂၀၀ ဦး (၁၄ ဒသမ ၁၅ သန်း) နှင့် ကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း ၂၃ သန်းကျော်ရှိ ကြောင်း သိရသည်။

နိုဝင်ဘာ ၇ ရက်အထိ ကာကွယ်ဆေးများ ရောက်ရှိမှုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ဝယ်ယူထားသော Covishield နှစ်သန်း၊  Sinopharm ၂၄ သန်း၊ Sinovac နှစ်သန်းနှင့် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ရုရှားနိုင်ငံတို့က လှူဒါန်းသည့် COVID-19 ကာကွယ်ဆေး ရှစ်သန်းကျော်ရှိကြောင်း သိရ သည်။

ကာကွယ်ဆေးများကို ယခင် အသက် ၅၅ နှစ်အထက် အသက်အရွယ်များအား COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံပေး နေရာမှ ယခု ၁၀ နှစ်လျှော့ချ၍ အသက် ၄၅ နှစ်အထက်အရွယ်များကို အောက်တိုဘာ ၁၇ ရက်မှစ၍ ကာကွယ်ဆေးထိုးနှံပေးခဲ့ ကြောင်း သိရသည်။

စက်တင်ဘာ ၁၄ ရက်မှစ၍ ဦးတည် အုပ်စုများ ထပ်မံတိုးချဲ့၍ COVID-19 ရောဂါ ကာကွယ်ဆေးကိုထိုးနှံပေးခဲ့ပြီး ယင်းသို့ထပ်မံတိုးချဲ့ထိုးနှံရာတွင် အသက် ၅၅ နှစ်နှင့် အထက် ပြည်သူလူထု၊ မသန်စွမ်းသူများ၊ တိုင်း ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ၊ ရွှေ့ပြောင်းလူ အုပ်စုများနှင့် ယာယီစခန်းများမှ ပြည်သူလူ ထု၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရော ဂါရှိသူများကို ထိုးနှံပေးလျက်ရှိကြောင်းနှင့် လက်ရှိ အသက် ၄၅ နှစ်အထက် အသက် အရွယ်များကိုပါ တိုးချဲ့ထိုးနှံပေးနေကြောင်း သိရသည်။  

ပြည်သူများအနေဖြင့် မိမိအတွက်ရရှိလာသည့် COVID-19 ရောဂါ ကာကွယ်ဆေးကို မပျက်မကွက်အကြိမ်ပြည့် ထိုးနှံမှုခံယူခြင်း၊ ပထမအကြိမ်ကာကွယ်ဆေးထိုးနှံမှု ရရှိ ထားသူများအနေဖြင့်လည်း ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှုကို သတ်မှတ်ရက်တွင် (သို့မဟုတ်) အနီးဆုံး သတ်မှတ်ကာလ အတွင်း နီးစပ်ရာ ကာကွယ်ဆေးထိုးစုရပ်များသို့ သွားရောက်၍ ထိုးနှံမှုခံယူခြင်းနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများ၌ တက်ကြွစွာ ပူးပေါင်း ပါဝင် ဆောင်ရွက်ကြပါရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။

Most Read

Most Recent