စီရော်နယ်လ်ဒို၊ မက်ဆီ . . .ပြီးတော့ . . .ချီထရီ

စီရော်နယ်လ်ဒို၊ မက်ဆီ . . .ပြီးတော့ . . .ချီထရီ
Photos: Getty Images
Photos: Getty Images
Published 8 November 2021

ချီထရီဆိုတာ ဘယ်သူလဲ။ ကြားတောင်မ ကြားဖူးဘူး။ ဟုတ်ပါတယ်။ ချီထရီဆိုတာ ကမ္ဘာ ကျော်ကစားသမားတစ်ယောက် မဟုတ်ပါဘူး။ စီ ရော်လ်နယ်ဒို၊ မက်ဆီတို့လို ကမ္ဘာကျော်ကစားသ မားတွေနဲ့လည်း နှိုင်းယှဉ်လို့ မရပါဘူး။ စီရော် နယ်လ်ဒိုတို့၊ မက်ဆီတို့က ဘောလုံးကစားဖို့ဘုရား သခင် ဖန်တီးပေးလိုက်တဲ့သူတွေ။ ဒါဆို ... ချီထရီ ကရော ... ။ ချီထရီကိုလည်း ဘုရားသခင် ဖန်ဆင်း ပေးလိုက်တာပါ။ ကမ္ဘာ့ဘောလုံးလောကအတွက် မဟုတ်ပေမဲ့ အိန္ဒိယနိုင်ငံအတွက်တော့ ချီထရီက ဘုရားသခင် ဖန်ဆင်းပေးလိုက်သူပဲ။ ချီထရီက အိန္ဒိယရဲ့အသည်းနှလုံး၊ ချီထရီက အိန္ဒိယရဲ့ဂင်္ဂါ၊ ချီထရီက အိန္ဒိယရဲ့ ပြယုဂ်။ အိန္ဒိယက ကမ္ဘာမှာ ဒုတိယမြောက် လူဦးရေအထူထပ်ဆုံးနိုင်ငံ။ ဆင်း ရဲချမ်းသာ လူတန်းစားကွာဟမှု အကြီးဆုံးနိုင်ငံ။ ဘာသာရေးနဲ့ပတ်သက်ပြီး ထိလွယ်ရှလွယ်အဖြစ် ဆုံးနိုင်ငံ။ နိုင်ငံသားတိုင်း နိုင်ငံရေးနဲ့ယဉ်ပါးပြီး နိုင် ငံရေးအသိအမြင် ကြွယ်တဲ့နိုင်ငံ။ (၂၁)ရာစုရောက် နေပေမဲ့ ရှေးရိုးစွဲအယူအဆတွေနဲ့ယဉ်ကျေးမှု အရောင်အသွေးစုံ ရောပြွမ်းနေတဲ့နိုင်ငံ။ ဒီမိုက ရေစီရင့်သန်သလို အကျင့်ပျက်ခြစားမှု ထူပြောရာ နိုင်ငံ။ သမိုင်းအစဉ်အလာကြီးပြီး ကမ္ဘာက လေးစား ရတဲ့နိုင်ငံ။ ဒါပေမဲ့ ဒီနိုင်ငံရဲ ့ဘောလုံးအဆင့်အ တန်းကတော့ ကမ္ဘာ့တန်းမမီတဲ့နိုင်ငံဖြစ်နေတယ်။ အဲဒီအခြေအနေထဲကမှ ချီထရီက ကမ္ဘာ့ပါရမီရှင် ကစားသမားနှစ်ဦးဖြစ်တဲ့ စီရော်လ်နယ်ဒို၊ မက်ဆီ တို့နဲ့ ကိန်းဂဏန်း ဆိုင်ရာတွက်ချက်မှုမှာ လာပြီး တန်းတူနေတယ်။ ဒါဆို ... မိတ်ဆွေ အံ့သြပြီပေါ့။ 

 

Most Read

Most Recent