(၂၁)ရာစုအတွင်း လာလီဂါပြိုင်ပွဲတွင် တစ်ရာသီ (၁၀)ဂိုးနှင့်အထက် ဒုတိယအကြိမ်ရေအများဆုံး သွင်းယူသူအဖြစ် ဘန်ဇီမာမှတ်တမ်းဝင်

(၂၁)ရာစုအတွင်း လာလီဂါပြိုင်ပွဲတွင် တစ်ရာသီ (၁၀)ဂိုးနှင့်အထက် ဒုတိယအကြိမ်ရေအများဆုံး သွင်းယူသူအဖြစ် ဘန်ဇီမာမှတ်တမ်းဝင်
Photo: AFP
Photo: AFP
Published 8 November 2021

 

ရီးယဲလ်မက်ဒရစ်အသင်း၏ ပြင်သစ်ဝါရင့်တိုက်စစ်မှူး ဘန်ဇီမာ (၃၃ နှစ်)သည် ဗယ်လက်ကာနိုအသင်းအား အနိုင်ရသော ပွဲစဉ်တွင် သွင်းဂိုး (၁)ဂိုးသွင်းယူပြီးနောက် ယခုရာသီ ၎င်း၏လာလီဂါသွင်းဂိုးအရေအတွက်မှာ (၁၀)ဂိုးအထိရှိလာခဲ့ပြီး ရီးယဲလ်ကစားသမားဘဝ တစ်ရာသီလျှင် လာလီဂါသွင်းဂိုး (၁၀)ဂိုးနှင့်အထက်ကို (၁၁)ရာသီမြောက်သွင်းယူနိုင်ခဲ့သည်။

ထို့ကြောင့် ဘန်ဇီမာသည် ဘာစီလိုနာအသင်း၏ တိုက်စစ်မှူးဟောင်း မက်ဆီ (၁၅ ရာသီ)၏နောက် (၂၁)ရာစုအတွင်း လာလီဂါပြိုင်ပွဲတွင် တစ်ရာသီသွင်းဂိုး (၁၀)ဂိုးနှင့်အထက်ကို ဒုတိယအကြိမ်ရေအများဆုံးသွင်းယူနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။ 

ဘန်ဇီမာသည် ၂၀၀၉-၁၀ ရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်းသို့ ရောက်ရှိလာသူဖြစ်ပြီး ယခုရာသီမှာ ၎င်း၏ရီးယဲလ်ကစားသမားဘဝ (၁၃)ရာသီမြောက်ဖြစ်သည်။ ဘန်ဇီမာသည် ယင်း (၁၃)ရာသီတွင် ၂၀၀၉-၁၀ (၈ ဂိုး)နှင့်  ၂၀၁၇-၁၈ (၅ ဂိုး) (၂)ရာသီမှလွဲ၍ ကျန် (၁၁)ရာသီတွင် တစ်ရာသီအနည်းဆုံး လာလီဂါသွင်းဂိုး (၁၀)ဂိုးနှင့် အထက်ကိုသွင်းယူထားနိုင်ခဲ့ခြင်းဖြစ်သည်။

ဘန်ဇီမာ၏နောက်တွင် ဇာရာဂိုဇာ၊ ဗလင်စီယာ၊ ဘာစီလိုနာ၊ အက်သလက်တီကိုအသင်းတို့တွင်ကစားခဲ့သော စပိန်လက်ရွေးစင်တိုက်စစ်မှူးဟောင်း ဒေးဗစ်ဗီလာက တစ်ရာသီလျှင် လာလီဂါသွင်းဂိုး (၁၀)ဂိုးနှင့်အထက်ကို (၁၀)ရာသီသွင်းယူပြီး ရပ်တည်လျက်ရှိသည်။

Most Read

Most Recent