၂၀၂၁-၂၀၂၂ (Mini Budget) ၂၂ ရက်အတွင်း ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှတစ်ဆင့် ပြည်ပသို့ ပဲမျိုးစုံ ၉၁၇၈၂ တန်ကျော် တင်ပို့မှုမှ ဒေါ်လာ ၇၇ ဒသမ ၈ သန်းကျော်ရရှိ

၂၀၂၁-၂၀၂၂ (Mini Budget) ၂၂ ရက်အတွင်း ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှတစ်ဆင့် ပြည်ပသို့ ပဲမျိုးစုံ ၉၁၇၈၂ တန်ကျော် တင်ပို့မှုမှ ဒေါ်လာ ၇၇ ဒသမ ၈ သန်းကျော်ရရှိ
ပဲစိုက်တောင်သူများ၏ လုပ်ငန်းခွင်တစ်ခုကိုတွေ့ရစဉ်
ပဲစိုက်တောင်သူများ၏ လုပ်ငန်းခွင်တစ်ခုကိုတွေ့ရစဉ်
Published 6 November 2021

၂၀၂၁-၂၀၂၂ (Mini Budget) ၂၂ ရက်အတွင်း ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှတဆင့် ပြည်ပသို့ ပဲမျိုးစုံ ၉၁၇၈၂ တန်ကျော် တင်ပို့မှုမှ ဒေါ်လာ ၇၇ ဒသမ ၈ သန်းရရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ၂၂ ရက်အတွင်း ပင်လယ်ရေကြောင်းမှ ၈၈၁၀၈ ဒသမ ၈၀၉ တန်တင်ပို့မှုမှ ဒေါ်လာ ၇၄ ဒသမ ၆၃၇ သန်း၊ နယ်စပ်မှ ၃၆၇၃ ဒသမ ၉၂၂ တန်တင်ပို့မှုမှဒေါ်လာ ၃ ဒသမ ၁၆၅ သန်းဖြင့် စုစုပေါင်းတန်ချိန် ၉၁၇၈၂ ဒသမ ၇၃၁ တင်ပို့မှုမှဒေါ်လာ ၇၇ ဒသမ ၈၀၂ သန်းရရှိခဲ့ခြင်းဖြစ်သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှတဆင့် ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှ ဒေါ်လာသန်း ၁၅၇၀ ကျော်ရရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ်ကထက် ဒေါ်လာ ၃၇၄ သန်းကျော် ပိုမိုရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ပင်လယ်ရေကြောင်းမှ ဒေါ်လာ ၉၆၆ဒသမ ၄၀၇ သန်း၊ နယ်စပ်မှ ဒေါ်လာ ၆၀၄ ဒသမ ၃၀၀ သန်းဖြင့် စုစုပေါင်း ဒေါ်လာ ၁၅၇၀ ဒသမ ၇၀၇ သန်း ရရှိခဲ့သည်။

အိန္ဒိယအစိုးရ မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန် နှစ်သိန်းခွဲနှင့် ပဲစင်းငုံတန်ချိန်တစ်သိန်းကို နှစ်စဉ်ပုဂ္ဂလိကကဏ္ဍမှတစ်ဆင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ တင်သွင်းရန် နှစ်နိုင်ငံ MoU လက်မှတ်ရေးထိုးခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံတို့အကြား မတ်ပဲနှင့်ပဲစင်းငုံရောင်းဝယ်မှု ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (မူကြမ်း) အား G to G လက်မှတ်ရေးထိုးနိုင်ရန် ၂၀၁၆ ခုနှစ်မှစတင်၍ နှစ်ဖက်အပြန်အလှန် ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ ပဲထုတ်လုပ်မှုပမာဏနှင့်စားသုံးမှု လိုအပ်ချက်များအပေါ် မူတည်၍ နှစ်နိုင်ငံအကြား မတ်ပဲနှင့်ပဲစင်းငုံကုန်သွယ်မှုကို အားပေးရန် ရည်ရွယ်၍ မြန်မာနှင့်အိန္ဒိယ နှစ်နိုင်ငံအကြား G to G အစီအစဉ်ဖြင့် မတ်ပဲနှင့်ပဲစင်းငုံရောင်းဝယ်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၂၀၂၁ ခုနှစ်၊ ဇွန် ၁၈ ရက်က နှစ်နိုင်ငံအစိုးရများအကြား လက်မှတ်ရေးထိုးခဲ့ပြီးကြောင်း သိရသည်။

ယင်းနားလည်မှုစာချွန်လွှာအရ အိန္ဒိယအစိုးရသည် မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန်နှစ်သိန်းခွဲနှင့် ပဲစင်းငုံတန်ချိန်တစ်သိန်းတို့ကို နှစ်စဉ်ပုဂ္ဂလိကကုန်သွယ်မှုမှတဆင့် လာမည့်ငါးနှစ်ဖြစ်သည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် (ဧပြီမှမတ်လ) အတွင်း တင်သွင်းသွားမည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ G to G MoU သည် အိန္ဒိယနိုင်ငံအစိုးရမှ နှစ်စဉ်ထုတ်ပြန်သည့် နိုင်ငံတကာပဲ Quota အားထိခိုက်မှုမရှိစေဘဲ မြန်မာ့ပဲတင်ပို့သူများအနေဖြင့် နိုင်ငံတကာ Quota တွင်လည်း ပါဝင်အကျိုးခံစားခွင့်ရှိမည်ဟု သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင်  ပြည်ပသို့ ပဲမျိုးစုံတန်ချန် ၁ ဒသမ ၆ သန်းကျော်တင်ပို့မှုမှ ဒေါ်လာ ၁ ဒသမ ၂ ဘီလျံနီးပါးရရှိထားပြီး ယခင်နှစ်ထက် တင်ပို့မှုတန်ချိန်နှစ်သောင်း သုံးထောင်ကျော် လျော့ကျခဲ့သော်လည်း ဝင်ငွေဒေါ်လာသန်း ၁၉၀ နီးပါးအထိ ပိုမိုရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၆၃ သန်းတင်ပို့ထားပြီး ဝင်ငွေဒေါ်လာ ၁ ဒသမ ၀၂၆ ဘီလျံသာ ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းမှထွက်ရှိသည့် ပဲမျိုးစုံများအနက် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ စသည့်ပဲအမျိုးအစားသုံးခုကို ပြည်ပသို့ အများဆုံးတင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအနက် မတ်ပဲနှင့် ပဲစဉ်းငုံကို အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့နေခြင်းဖြစ်ပြီး ပဲတီစိမ်းကို တရုတ်နှင့် ဥရောပနိုင်ငံတချို့သို့ အဓိကတင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်ပဲမျိုးစုံ စိုက်ဧက ၁၁ သန်းကျော်ရှိပြီး မတ်ပဲနှင့် ပဲစင်းငုံစိုက်ပျိုးမှု ၃၅ ရာခိုင်နှုန်းကျော်ရှိသည်။

မြန်မာနိုင်ငံတွင် ပဲမျိုးစုံ ၁၈ မျိုးအား နှစ်စဉ်စိုက်ဧက စုစုပေါင်း ၁၁ ဒသမ ၄၅ သန်းခန့် စိုက်ပျိုးလျက်ရှိရာ ပဲတီစိမ်း ၂၆ ရာခိုင်နှုန်း၊ မတ်ပဲ ၂၅ ရာခိုင်နှုန်း၊ ပဲစင်းငုံ ၁၅ ရာခိုင်နှုန်း ကုလားပဲရှစ်ရာခိုင်နှုန်း စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။

Most Read

Most Recent