ဘာစီလိုနာအသင်းသို့ နည်းစနစ်ဒါရိုက်တာပုံစံမျိုးဖြင့် ပြန်လည်သွားရောက်ကူညီပေးလိုသည်ဟု မက်ဆီ ပြောကြား

ဘာစီလိုနာအသင်းသို့ နည်းစနစ်ဒါရိုက်တာပုံစံမျိုးဖြင့် ပြန်လည်သွားရောက်ကူညီပေးလိုသည်ဟု မက်ဆီ ပြောကြား
Photo: Getty Images
Photo: Getty Images
Published 3 November 2021

 

ပြီးခဲ့သည့် နွေရာသီအပြောင်း အရွှေ့ကာလတွင် ဘာစီလိုနာအသင်းနှင့် လမ်းခွဲပြီး PSG အသင်းသို့ ပြောင်းရွှေ့ခဲ့သည့် အာဂျင်တီးနားဝါ ရင့်တိုက်စစ်မှူး မက်ဆီက အသင်းဟောင်းထံ နည်းစနစ်ဒါရိုက်တာပုံစံ မျိုးဖြင့် ပြန်လည်သွားရောက်ကူညီပေးလိုသည်ဟု ပြောကြားခဲ့သည်။

စပိန်အားကစားသတင်းစာ SPORT နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူး အစီအစဉ်တွင် မက်ဆီအား ဘာစီလိုနာအသင်းထံ ပြန်သွားရန် ဆန္ဒရှိသလားဟု မေးမြန်းခဲ့ရာ ၎င်းက "သွားချင်တာပေါ့။ ဒီအသင်းကို ဘယ်လိုနည်းမျိုးနဲ့ပဲဖြစ်ဖြစ် ကူညီပေးဖို့ ပြန်သွားချင်တယ်လို့ ကျွန်တော် အမြဲပြောခဲ့ပါတယ်။ ကျွန်တော် အသင်းအတွက် အသုံးဝင်တဲ့သူ၊ ကူညီနိုင်တဲ့သူ ဖြစ်ချင်ပါတယ်။ နည်းစနစ်ဒါရိုက်တာ ပုံစံမျိုး ကျွန်တော် လုပ်ဆောင်ချင်ပြီး အဲဒီအတွက် အသင်းက အခွင့်အရေး ပေးနိုင်ပါ့မလားဆိုတာတော့ မသိပါဘူး"ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် မက်ဆီက PSG အသင်း သို့ ပြောင်းရွှေ့ခဲ့ခြင်းမှာ ချန်ပီယံလိဂ်ဖလားရယူရန်ဖြစ်ကြောင်း နှင့် ၂၀၂၃ ခုနှစ်တွင် အနားယူဖွယ်ရှိကြောင်းလည်း ဖွင့်ဟခဲ့သည်။

Most Read

Most Recent