အန်ဂါစ် - နိုက်စ် (တနင်္ဂနွေညနေ ၆း၃၀ နာရီ)
နိုက်စ်ကလည်း အဆင့် (၃)နေရာမှာရပ်တည်နေပြီး ကွင်း မရွေး ခြေစွမ်းမာမာကျောကျောကစားနိုင်တယ်။ အန်ဂါစ်က လည်း အိမ်ကွင်းကောင်းတဲ့အသင်းပါ။ အပြန်အလှန်သွင်းဂိုး တွေနဲ့ သရေပွဲဆီ ဦးတည်သွားမယ်လို့ထင်မိတယ်။
ဘော်ဒိုး - Reims (တနင်္ဂနွေည ၈း၃၀ နာရီ)
ခြေစွမ်း၊ ရလဒ်နဲ့ ရပ်တည်မှုကွာခြားချက်မရှိတဲ့ အသင်း (၂)သင်းပါ။ ဘော်ဒိုးက အိမ်ကွင်းဆိုရင် အမှတ်ရအောင်ကစား တတ်ပြီး ခြေစွမ်းလည်းပိုငြိမ်တယ်။ ဘော်ဒိုးနဲ့ အရဲစွန့်မယ်။
မောင့်ပယ်လီယာ - နန့်စ် (တနင်္ဂနွေည ၈း၃၀ နာရီ)
လက်ရှိခြေစွမ်းနဲ့ ရပ်တည်မှုမှာတော့ အိမ်ရှင်ထက် နန့်စ် က ပိုပြီးအားရစရာကောင်းတယ်။ မောင့်ပယ်လီယာအတွက် သရေက အမြင့်ဆုံးမျှော်လင့်ချက်ဖြစ်ပြီး နန့်စ်ကို ပိုကြိုက်တယ်။
စထရာဘိုး - လော်ရီယန့် (တနင်္ဂနွေည ၈း၃၀ နာရီ)
ဒီနှစ်သင်းကလည်း အမှတ်ပေးဇယားအထက်အောက် ရပ်တည်နေတဲ့ (၂)သင်းပါ။ လော်ရီယန့်က အဝေးကွင်းမှာ အ မှတ်ယူတတ်ပြီး ကစားပုံမာပါတယ်။ သရေကျဖို့များတယ်။
ထရွိုင်စ် - ရန်းစ် (တနင်္ဂနွေည ၈း၃၀ နာရီ)
ရန်းစ်က နောက်ဆုံး (၅)ပွဲဆက် ရှုံးပွဲမရှိဘဲ ဇယားထိပ်ပိုင်း နားကိုရောက်လာတယ်။ ခြေစွမ်းလည်းတည်ငြိမ်ပြီး တိုက်စစ် ကလည်း ဂိုးတွေရခဲ့တယ်။ ရန်းစ်တို့ နိုင်ပွဲဆက်ဦးမှာပါ။
ဘရက်စ် - မိုနာကို (တနင်္ဂနွေည ၁၀း၃၀ နာရီ)
အိမ်ကွင်းအားတစ်ခုနဲ့တော့ နိုင်ပွဲမရသေးတဲ့ဘရက်စ်တို့ မိုနာကိုရဲ့ ကစားအားကို ပွဲချိန်ပြည့်တောင့်ခံဖို့ ခက်ပါလိမ့်မယ်။ ဇယားထိပ်ပိုင်းနားပြန်ရောက်ဖို့ မိုနာကိုတို့ နိုင်ပွဲယူလိမ့်မယ်။
ကလယ်မွန့် - မာဆေးလ် (တနင်္လာနံနက် ၂း၁၅ နာရီ)
ကလယ်မွန့်ရဲ့ခြေက မှန်းဆရခက်ပါတယ်။ ဒါပေမဲ့ လက် ရှိခြေအရတော့ မာဆေးလ်က ပိုပြီးတည်တည်ငြိမ်ငြိမ်ရှိနေတာ ကို တွေ့ရတယ်။ မာဆေးလ်တို့ ကပ်နိုင်သွားဖို့များတယ်။















