အဲဗာတန်အသင်း ကွင်းလယ်လူ ဒူကူဟေ  ဒဏ်ရာကြောင့် ကာလရှည်အနားယူရဖွယ်ရှိ

အဲဗာတန်အသင်း ကွင်းလယ်လူ ဒူကူဟေ  ဒဏ်ရာကြောင့် ကာလရှည်အနားယူရဖွယ်ရှိ
Photo: Getty Images
Photo: Getty Images
Published 23 October 2021

 

အဲဗာတန်အသင်း၏ ပြင်သစ် ကွင်းလယ်လူ ဒူကူဟေသည် ဒဏ်ရာကြောင့် ကာလရှည်အနားယူရဖွယ် ရှိနေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ 

ဒူကူဟေ သည် ပြီးခဲ့သည့်တနင်္ဂနွေနေ့က ဝက်စ်ဟမ်းအသင်းအား(၀-၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော အိမ်ကွင်းပွဲစဉ်တွင် ခြေထောက်၌ ဒဏ်ရာရရှိခဲ့ပြီး သူ၏ဒဏ်ရာမှာ ခွဲစိတ်ကုသရန်မလိုအပ်သော်လည်း ကာလရှည်အနားယူရမည့် ဒဏ်ရာမျိုးဖြစ်ကြောင်း အဲဗာတန် အသင်းတာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။  

ဒူကူဟေသည် ယခုရာသီ အဲဗာတန်အသင်းတွင် အားထားရသော ကစားသမားတစ်ဦးအဖြစ် အသင်း၏ ပရီးမီးယားလိဂ်ပွဲစဉ်တိုင်းကို ပွဲချိန်ပြည့်ကစားထားသူဖြစ်သည်။ 

Most Read

Most Recent