ဒက်ကလန်ရိုက်အစား ကယ်လ်ဗင်ဖီးလစ်ကိုခေါ်ယူရန် မန်ချက်စတာယူနိုက်တက်အသင်း ပစ်မှတ်ထား

ဒက်ကလန်ရိုက်အစား ကယ်လ်ဗင်ဖီးလစ်ကိုခေါ်ယူရန် မန်ချက်စတာယူနိုက်တက်အသင်း ပစ်မှတ်ထား
Photo: Getty Images
Photo: Getty Images
Published 3 October 2021

 

မန်ချက်စတာယူနိုက်တက်အသင်းသည် ဝက်စ်ဟမ်းအသင်းမှ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူ ဒက်ကလန်ရိုက်ကိုခေါ်ယူရန် ပစ်မှတ်ထားနေသော်လည်း ၎င်း၏ ပြောင်းရွှေ့ကြေးမှာ အလွန်မြင့်မားနေ၍ လိဒ်စ်အသင်းမှ အင်္ဂလန်လက်ရွေး စင်ကွင်းလယ်လူ ကယ်လ်ဗင်ဖီးလစ်ကို ပြောင်းလဲပစ်မှတ်ထားနေကြောင်း Daily Star သတင်းစာက ဖော်ပြခဲ့သည်။ 

မန်ချက်စတာယူနိုက်တက်အသင်းအနေဖြင့် ဒက်ကလန်ရိုက်ကို ခေါ်ယူမည်ဆိုပါက  ပြောင်းရွှေ့ကြေးကို အနည်းဆုံး ပေါင် သန်း (၉၀)ခန့် သုံးစွဲရဖွယ်ရှိနေပြီး ယင်းပမာဏအထိပေးရန် အသင်းက ဆန္ဒမရှိကြောင်း သိရသည်။ 

သို့ဖြစ်ရာ နည်းပြဆိုးလ်ရှားအကြိုက် နောက်ထပ်ကစားသမားတစ်ဦးဖြစ်သူ ကယ်လ်ဗင်ဖီးလစ်ကို မန်ချက်စတာယူနိုက်တက်အသင်းက ပစ်မှတ်ထားနေခြင်းဖြစ်သည်။

Most Read

Most Recent