စက်တင်ဘာလအတွင်း COVID-19 ကြောင့် သေဆုံးသူ ၂၃၀၀ ကျော်ရှိပြီး ပိုးတွေ့ရှိမှု ၁၀ ရာခိုင်နှုန်းအောက် လျော့ကျခဲ့

စက်တင်ဘာလအတွင်း COVID-19 ကြောင့် သေဆုံးသူ ၂၃၀၀ ကျော်ရှိပြီး ပိုးတွေ့ရှိမှု ၁၀ ရာခိုင်နှုန်းအောက် လျော့ကျခဲ့
Published 1 October 2021

မြန်မာနိုင်ငံ၌ စက်တင်ဘာလအတွင်း COVID-19 ကြောင့် သေဆုံးသူ ၂၃၀၀ ကျော်ရှိပြီး ပိုးတွေ့ရှိမှု ၁၀ ရာခိုင်နှုန်းအောက် လျော့ကျခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပိုးတွေ့ရှိမှု ၁၀ ရာခိုင်နှုန်း ဝန်းကျင်ရှိခဲ့သည့် စက်တင်ဘာ ၁ ရက်တွင် သေဆုံးသူ ၁၀၁ ဦး၊ စက်တင်ဘာ ၂ ရက်တွင် ဦးရေ ၁၁၀၊ စက်တင်ဘာ ၃ ရက်တွင် ၉၃ ဦး၊ စက်တင်ဘာ ၄ ရက်တွင် ၁၀၂ ဦး၊ စက်တင်ဘာ ၅ ရက်တွင် ၉၆ ဦး၊ စက်တင်ဘာ ၆ ရက်တွင် ၉၄ ဦး၊ စက်တင်ဘာ ၇ ရက်တွင် ၉၇ ဦး၊ စက်တင်ဘာ ၈ ရက်တွင် ၉၁ ဦး၊ စက်တင်ဘာ ၉ ရက်တွင် ၉၂ ဦး၊ စက်တင်ဘာ ၁၀ ရက်တွင် ၈၈ ဦး၊ စက်တင်ဘာ ၁၁ ရက်တွင် ၉၈ ဦး၊ စက်တင်ဘာ ၁၂ ရက်တွင် ၇၉ ဦး၊ စက်တင်ဘာ ၁၃ ရက်တွင် ၈၇ ဦး၊ စက်တင်ဘာ ၁၄ ရက်တွင် ၇၆ ဦး၊ စက်တင်ဘာ ၁၅ ရက်တွင် ၉၁ ဦး၊ စက်တင်ဘာ ၁၆ ရက်တွင် ၈၅ ဦး၊ စက်တင်ဘာ ၁၇ ရက်တွင် ၇၅ ဦး၊ စက်တင်ဘာ ၁၈ ရက်တွင် ၇၂ ဦး၊ စက်တင်ဘာ ၁၉ ရက်တွင် ၅၇ ဦး၊ စက်တင်ဘာ ၂၀ ရက်တွင် ၅၆ ဦး၊ စက်တင်ဘာ ၂၁ ရက်၌ ၇၃ ဦး၊ စက်တင်ဘာ ၂၂ ရက်တွင် ၆၄ ဦး၊ စက်တင်ဘာ ၂၃ ရက်တွင် ၇၇ ဦး၊ စက်တင်ဘာ ၂၄ ရက်တွင် ဦးရေ  ၇၀၊ စက်တင်ဘာ ၂၅ ရက်တွင် ၅၂ ဦး၊ စက်တင်ဘာ ၂၆ ရက်တွင် ၆၂ ဦး၊ စက်တင်ဘာ ၂၇ ရက်တွင် ၅၆ ဦး၊ စက်တင်ဘာ ၂၈ ရက်တွင် ၄၈ ဦး၊ စက်တင်ဘာ ၂၉ ရက်တွင် ၅၁ ဦး၊ စက်တင်ဘာ ၃၀ ရက်တွင် ၅၃ ဦးရှိခဲ့ပြီး တစ်လအတွင်း သေဆုံးသူ ၂၃၄၆ ဦးရှိခဲ့ကြောင်း သိရသည်။ 

ထို့ပြင် ရောဂါပိုးစစ်ဆေးနိုင်မှုအရ စက်တင်ဘာ ၁ ရက်တွင် ၈ ဒသမ ၅၁ ရာခိုင်နှုန်း၊ စက်တင်ဘာ၂ ရက်တွင် ၉ ဒသမ ၈ ရာခိုင်နှုန်း၊ စက်တင်ဘာ ၃ ရက်တွင် ၁၀ ဒသမ၂၂ ရာခိုင်နှုန်း၊ စက်တင်ဘာ ၄ ရက်တွင် ၉ ဒသမ ၆၃ ရာခိုင်နှုန်း၊ စက်တင်ဘာ ၅ ရက်တွင် ၁၀ ဒသမ ၄၆ ရာခိုင်နှုန်း၊ စက်တင်ဘာ ၆ ရက်တွင် ၁၀ ဒသမ ၂၀ ရာခိုင်နှုန်း၊ စက်တင်ဘာ ၇ ရက်တွင်  ၉ ဒသမ ၆၈ ရာခိုင်နှုန်း၊ စက်တင်ဘာ ၈ ရက်တွင် ၁၀ ဒသမ ၆၄ ရာခိုင်နှုန်း၊ စက်တင်ဘာ ၉ ရက်တွင် ၉ ဒသမ ၀၁ ရာခိုင်နှုန်း၊ စက်တင်ဘာ ၁၀ ရက်တွင် ၈ ဒသမ ၄၇ ရာခိုင်နှုန်း၊ စက်တင်ဘာ ၁၁ ရက်တွင် ၉ ဒသမ ၀၂ ရာခိုင်နှုန်း၊ စက်တင်ဘာ ၁၂ ရက်တွင် ၉ ဒသမ ၂၀ ရာခိုင်နှုန်း၊ စက်တင်ဘာ ၁၃ ရက်တွင် ၉ ဒသမ ၇ ရာခိုင်နှုန်း၊ စက်တင်ဘာ ၁၄ ရက်တွင် ၉ ဒသမ ၇၅ ရာခိုင်နှုန်း၊ စက်တင်ဘာ ၁၅ ရက်တွင် ၉ ဒသမ ၉၅ ရာ ခိုင်နှုန်း၊ စက်တင်ဘာ ၁၆ ရက်တွင် ၈ ဒသမ ၇၄ ရာခိုင်နှုန်း၊ စက်တင်ဘာ ၁၇ ရက်တွင် ၉ ဒသမ ၅၉ ရာခိုင်နှုန်း၊ စက်တင်ဘာ ၁၈ ရက်တွင် ၉ ဒသမ ၂၄ ရာခိုင်နှုန်း၊ စက်တင်ဘာ ၁၉ ရက်တွင် ၉ ဒသမ ၀၃ ရာခိုင်နှုန်း၊ စက်တင်ဘာ ၂၀ ရက်တွင် ၉ ဒသမ ၁၆ ရာခိုင်နှုန်း၊ စက်တင်ဘာ ၂၁ ရက်တွင် ၈ ဒသမ ၁၉ ရာ ခိုင်နှုန်း၊ စက်တင်ဘာ၂၂ ရက်တွင် ၉ ဒသမ ၀၁ ရာခိုင်နှုန်း၊ စက်တင်ဘာ ၂၃ ရက်တွင် ၈ ဒသမ ၈၂ ရာခိုင်နှုန်း၊ စက်တင်ဘာ ၂၄ ရက်တွင် ၉ ဒသမ ၀၃ ရာခိုင်နှုန်း၊ စက်တင်ဘာ ၂၅ ရက်တွင် ၈ ဒသမ ၅၂ ရာခိုင်နှုန်း၊ စက်တင်ဘာ ၂၆ ရက်တွင် ၈ ဒသမ ၃၂ ရာခိုင်နှုန်း၊ စက်တင်ဘာ ၂၇ ရက်တွင် ၇ ဒသမ ၂၃ ရာခိုင်နှုန်း၊ စက်တင်ဘာ ၂၈ ရက်တွင် ၈ ဒသမ ၂ ရာခိုင်နှုန်း၊ စက်တင်ဘာ ၂၉ ရက်တွင် ၈ ဒသမ ၂၄ ရာခိုင်နှုန်း၊ စက်တင်ဘာ ၃၀ ရက်တွင် ၈ ဒသမ  ၀၂ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ မေ ၂၇ ရက်မှစ၍ COVID-19 ရောဂါပိုးတွေ့လူနာ ပြန်လည်များပြားလာပြီး ကိုဗစ်တတိယလှိုင်းကို အစပျိုး ဖြစ်ပွားလာကာ ဇွန်လအတွင်း ပိုးတွေ့လူနာ နေ့စဉ် ၁၀၀ ကျော်မှ ၁၅၀၀ ကျော်အထိ တွေ့ရှိခဲ့သည်။

ထို့နောက် ဇူလိုင်လအတွင်း ပိုးတွေ့ရှိမှု ရာခိုင်နှုန်း ၂၀ မှ ရာခိုင်နှုန်း ၄၀ ကျော်အထိ မြင့်တက်ခဲ့ပြီး ရက်အလိုက် သေဆုံးသူမြင့်တက်ခဲ့ကာ သေဆုံးသူ စုစုပေါင်း ၆၀၀၀ ကျော် အထိရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဇူလိုင်လအတွင်း ပိုးတွေ့ရှိမှု အခြေအနေအရ နေ့စဉ် ၂၀၀၀ ကျော်မှ ၆၀၀၀ ကျော်အထိ ပိုးတွေ့ရှိခဲ့ကြောင်း တရားဝင်ထုတ်ပြန်မှုအရ သိရသော်လည်း ယင်းကာလတွင် အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် မိမိနေအိမ်တွင်ပင် ဆေးကုသမှု ပြုလုပ်ခဲ့ကြကာ COVID-19 သံသယလက္ခဏာများဖြင့် အမြို့မြို့အနယ်နယ်တွင် သေဆုံးသူအများအပြားခဲ့ကြောင်း လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။            

ဇူလိုင်လအတွင်း ပိုးတွေ့ရှိမှု အခြေအနေအရ နေ့စဉ် ၂၀၀၀ ကျော်မှ ၆၀၀၀ ကျော်အထိ ရောဂါပိုးတွေ့ရှိခဲ့ပြီး နေ့စဉ်ရောဂါပိုုးတွေ့ရှိမှု မြင့်တက်ခဲ့သည်။

သြဂုတ် ၅ ရက်နောက်ပိုင်းတွင် ပိုးတွေ့ရှိမှုရာခိုင်နှုန်း ပြန်လည်လျော့ကျပြီး ရာခိုင်နှုန်း ၂၀ ကျော်တွင် တွေ့ရှိလာပြီး သေဆုံးသူများအနေဖြင့် နေ့စဉ် ၁၀၀ ကျော်မှ ၂၀၀ ဝန်းကျင်အထိရှိကာ သြဂုတ်လတစ်လအတွင်း သေဆုံးသူ ၆၀၀၀ ကျော်ရှိခဲ့သည်။

စက်တင်ဘာတွင် ရောဂါပိုးတွေ့ရှိမှုအနေဖြင့် သိသိသာသာလျော့ကျလာပြီး နေ့စဉ် ရောဂါပိုးစစ်ဆေးနိုင်မှုအခြေအနေအရ ပိုးတွေ့ရှိမှု ၁၀ ရာခိုင်နှုန်းဝန်းကျင်နှင့် အောက်အထိ လျော့ကျလာခဲ့ပြီး သေဆုံးမှု ရာခိုင်နှုန်းလည်း လျော့ကျလာခဲ့သည်။

Most Read

Most Recent