ထိုင်းနိုင်ငံဘက်သို့ တရားမဝင် ဝင်ရောက်သူ မြန်မာနိုင်ငံသား ၃၉ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံဘက်သို့ တရားမဝင် ဝင်ရောက်သူ မြန်မာနိုင်ငံသား ၃၉ ဦး ဖမ်းဆီးခံရ
Published 1 October 2021
ကိုရွှေသိန်း (မြဝတီ)

ကိုဗစ်တတိယလှိုင်းကြောင့် နယ်စပ်ဖြတ်ကျော်ဝင် ရောက်မှုမရှိစေရေး တင်းကျပ်ထားချိန် သောင်ရင်းမြစ်ကို ဖြတ်ကျော်ပြီး တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ကလေးတစ်ဦး အပါအဝင် ၃၉ ဦးမှာ အောက် တိုဘာ ၁ ရက် နံနက်က ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

 ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲ့ရမတ်မြို့နယ်အတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော်လာသူ မြန်မာနိုင်ငံသား ၃၉ ဦးအနက် ငါးဦးမှာ ကိုယ်အပူချိန်မြင့်မားနေကြောင်းလည်း သိရသည်။

သောင်းရင်းမြစ်ကို ဖြတ်ကျော်ပြီး မြန်မာနိုင်ငံသားအချို့ ထိုင်းနိုင်ငံဘက်သို့  တရားမဝင်ဝင်ရောက်လာကြောင်း သတင်းအရ နယ် မြေခံပူးပေါင်းအဖွဲ့က သွားရောက်ဖမ်းဆီးခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံဘက်သို့ တရားမဝင်ဝင်ရောက်သူ  မြန်မာနိုင်ငံသား ၃၉ ဦးနှင့်အတူ ၎င်းတို့ စီးနင်းလာသော ပစ်ကပ်ကားနှစ်စီးကိုလည်း သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများထဲတွင် အမျိုးသား ၂၃  ဦး၊ အမျိုးသမီး ၁၅ ဦးနှင့် ကလေးတစ် ဦး ပါဝင်ပြီး  ၎င်းတို့ထဲတွင် နယ်မြေကျွမ်းကျင်သော ထိုင်းယာဉ်မောင်းတစ်ဦးမှာ ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရသည်။

ဖမ်းဆီးခံရသူများကို ဘန့်လဲတိုက်နယ် ဆေးရုံတွင် ကျန်းမာရေးစစ်ဆေးမှုများဆောင် ရွက်ရာ အဖျားကြီးနေသူ  ငါးဦးအပါအဝင် အားလုံးကို COVID-19 ရှိ မရှိ ထပ်မံစစ်ဆေး ကာ တရားဥပဒေအရ အရေးယူဆောင်ရွက် နိုင်ရန်အတွက် မဲ့ရမတ်နယ်မြေရဲစခန်းသို့ ဆက်လက်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ စက်တင်ဘာ ၂၉ ရက်က လည်း ရနောင်းခရိုင်အတွင်း မြန်မာနိုင်ငံသား ၁၄ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

 

Most Read

Most Recent