မြန်မာနိုင်ငံတွင် COVID-19 တွေ့ရှိမှု ကိုးရာခိုင်နှုန်းအောက် ဆက်လက်လျော့ကျ လာပြီး စက်တင်ဘာ ၁ ရက်မှ စက်တင်ဘာ ၂၈ ရက်အထိ သေဆုံးသူ ၂၂၀၀ ကျော်ရှိ ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
ပိုးတွေ့ရှိမှု ၁၀ ရာခိုင်နှုန်းဝန်းကျင်ရှိခဲ့ သည့် စက်တင်ဘာ ၁ ရက်တွင် သေဆုံးသူ ၁၀၁ ဦး၊ စက်တင်ဘာ ၂ ရက်တွင် ဦးရေ ၁၁၀၊ စက် တင်ဘာ ၃ ရက်တွင် ၉၃ ဦး၊ စက်တင်ဘာ ၄ ရက်တွင် ၁၀၂ ဦး၊ စက်တင်ဘာ ၅ ရက်တွင် ၉၆ ဦး၊ စက်တင်ဘာ ၆ ရက်တွင် ၉၄ ဦး၊ စက် တင်ဘာ ၇ ရက်တွင် ၉၇ ဦး၊ စက်တင်ဘာ ၈ ရက်တွင် ၉၁ ဦး၊ စက်တင်ဘာ ၉ ရက်တွင် ၉၂ ဦး၊ စက်တင်ဘာ ၁၀ ရက်တွင် ၈၈ ဦး၊ စက် တင်ဘာ ၁၁ ရက်တွင် ၉၈ ဦး၊ စက်တင်ဘာ ၁၂ ရက်တွင် ၇၉ ဦး၊စက်တင်ဘာ ၁၃ ရက်တွင် ၈၇ ဦး၊ စက်တင်ဘာ ၁၄ ရက်တွင် ၇၆ ဦး၊ စက် တင်ဘာ ၁၅ ရက်တွင် ၉၁ ဦး၊ စက်တင်ဘာ ၁၆ ရက်တွင် ၈၅ ဦး၊ စက်တင်ဘာ ၁၇ ရက်တွင် ၇၅ ဦး၊ စက်တင်ဘာ ၁၈ ရက်တွင် ၇၂ ဦး၊ စက်တင်ဘာ ၁၉ ရက်တွင် ၅၇ ဦး၊ စက်တင်ဘာ ၂၀ ရက်တွင် ၅၆ ဦး၊ စက်တင်ဘာ ၂၁ ရက်၌ ၇၃ ဦး၊ စက်တင်ဘာ ၂၂ ရက်တွင် ၆၄ ဦး၊ စက် တင်ဘာ ၂၃ ရက်တွင် ၇၇ ဦး၊ စက်တင်ဘာ ၂၄ ရက်တွင် ဦးရေ ၇၀၊ စက်တင်ဘာ ၂၅ ရက်တွင် ၅၂ ဦး၊ စက်တင်ဘာ ၂၆ ရက်တွင် ၆၂ ဦး၊ စက်တင်ဘာ ၂၇ ရက်တွင် ၅၆ ဦး၊ စက် တင်ဘာ ၂၈ ရက်တွင် ၄၈ ဦးရှိခဲ့ပြီး၂၈ ရက်အ တွင်း သေဆုံးသူ ၂၂၄၂ ဦး ရှိခဲ့သည်။
ထို့ပြင် ရောဂါပိုးစစ်ဆေးနိုင်မှုအရ စက် တင်ဘာ ၁ ရက်တွင် ၈ ဒသမ ၅၁ ရာခိုင်နှုန်း၊ စက်တင်ဘာ၂ ရက်တွင် ၉ ဒသမ ၈ ရာခိုင် နှုန်း၊ စက်တင်ဘာ ၃ ရက်တွင် ၁၀ ဒသမ၂၂ ရာခိုင်နှုန်း၊ စက်တင်ဘာ ၄ ရက်တွင် ၉ ဒသမ ၆၃ ရာခိုင်နှုန်း၊ စက်တင်ဘာ ၅ ရက်တွင် ၁၀ ဒသမ ၄၆ ရာခိုင်နှုန်း၊ စက်တင်ဘာ ၆ ရက်တွင် ၁၀ ဒသမ၂ဝရာခိုင်နှုန်း၊ စက်တင်ဘာ ၇ ရက် တွင် ၉ ဒသမ ၆၈ ရာခိုင်နှုန်း၊ စက်တင်ဘာ ၈ ရက်တွင် ၁၀ ဒသမ ၆၄ ရာခိုင်နှုန်း၊ စက်တင် ဘာ ၉ ရက်တွင် ၉ ဒသမ ၀၁ ရာခိုင်နှုန်း၊ စက် တင်ဘာ ၁၀ ရက်တွင် ၈ ဒသမ ၄၇ ရာခိုင်နှုန်း၊ စက်တင်ဘာ ၁၁ ရက်တွင် ၉ ဒသမ ၀၂ ရာခိုင် နှုန်း၊ စက်တင်ဘာ ၁၂ ရက်တွင် ၉ ဒသမ ၂၀ ရာခိုင်နှုန်း၊ စက်တင်ဘာ ၁၃ ရက်တွင် ၉ ဒသမ ၇ ရာခိုင်နှုန်း၊ စက်တင် ဘာ ၁၄ ရက်တွင် ၉ ဒသမ ၇၅ ရာခိုင်နှုန်း၊ စက်တင်ဘာ ၁၅ ရက် တွင် ၉ ဒသမ ၉၅ ရာ ခိုင်နှုန်း၊ စက်တင်ဘာ ၁၆ ရက်တွင် ၈ ဒသမ ၇၄ ရာခိုင်နှုန်း၊ စက် တင်ဘာ ၁၇ ရက်တွင် ၉ ဒသမ ၅၉ ရာခိုင်နှုန်း၊ စက်တင်ဘာ ၁၈ ရက်တွင် ၉ ဒသမ ၂၄ ရာ ခိုင်နှုန်း၊ စက်တင်ဘာ ၁၉ ရက်တွင် ၉ ဒသမ ၀၃ ရာခိုင်နှုန်း၊ စက် တင်ဘာ ၂၀ ရက်တွင် ၉ ဒသမ ၁၆ ရာခိုင်နှုန်း၊ စက်တင်ဘာ ၂၁ ရက် တွင် ၈ ဒသမ ၁၉ ရာ ခိုင်နှုန်း၊ စက်တင် ဘာ၂၂ ရက်တွင် ၉ ဒသမ ၀၁ ရာခိုင်နှုန်း၊ စက်တင်ဘာ ၂၃ ရက်တွင် ၈ ဒသမ ၈၂ ရာခိုင်နှုန်း၊ စက်တင် ဘာ ၂၄ ရက်တွင် ၉ ဒသမ ၀၃ ရာခိုင်နှုန်း၊ စက်တင်ဘာ ၂၅ ရက်တွင် ၈ ဒသမ ၅၂ ရာခိုင် နှုန်း၊ စက် တင်ဘာ ၂၆ ရက်တွင် ၈ ဒသမ ၃၂ ရာခိုင်နှုန်း၊ စက်တင်ဘာ ၂၇ ရက်တွင် ၇ ဒသမ ၂၃ ရာခိုင် နှုန်း၊ စက်တင်ဘာ ၂၈ ရက်တွင် ၈ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ မေ ၂၇ ရက်မှစ၍ COVID-19 ရောဂါပိုးတွေ့လူနာ ပြန်လည်များ ပြားလာပြီး ကိုဗစ်တတိယလှိုင်းကို အစပျိုး ဖြစ်ပွားလာကာ ဇွန်လအတွင်း ပိုးတွေ့လူနာ နေ့စဉ် ၁၀၀ ကျော်မှ ၁၅၀၀ ကျော်အထိ တွေ့ ရှိခဲ့သည်။
ထို့နောက် ဇူလိုင်လအတွင်း ပိုးတွေ့ရှိမှု ရာခိုင်နှုန်း ၂၀ မှ ရာခိုင်နှုန်း ၄၀ ကျော်အထိ မြင့်တက်ခဲ့ပြီး ရက်အလိုက် သေဆုံးသူမြင့် တက်ခဲ့ကာ သေဆုံးသူ စုစုပေါင်း ၆၀၀၀ ကျော် အထိရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဇူလိုင်လအတွင်း ပိုးတွေ့ရှိမှုအခြေအနေ အရ နေ့စဉ် ၂၀၀၀ ကျော်မှ ၆၀၀၀ ကျော်အ ထိ ပိုးတွေ့ရှိခဲ့ကြောင်း တရားဝင်ထုတ်ပြန်မှု အရ သိရသော်လည်း ယင်းကာလတွင် အခြေ အနေအကြောင်းအမျိုးမျိုးကြောင့် မိမိနေအိမ် တွင်ပင် ဆေးကုသမှုပြုလုပ်ခဲ့ကြကာ COVID-19 သံသယလက္ခဏာများဖြင့် အမြို့မြို့အ နယ်နယ်တွင် သေဆုံးသူအများအပြားခဲ့ ကြောင်း လူမှုအဖွဲ့များထံမှ သိရသည်။
ဇူလိုင်လအတွင်း ပိုးတွေ့ရှိမှု အခြေ အနေအရ နေ့စဉ် ၂၀၀၀ ကျော်မှ ၆၀၀၀ ကျော်အထိ ရောဂါပိုးတွေ့ရှိခဲ့ပြီး နေ့စဉ် ရောဂါပိုုးတွေ့ရှိမှု မြင့်တက်ခဲ့သည်။
သြဂုတ် ၅ ရက်နောက်ပိုင်းတွင် ပိုးတွေ့ ရှိမှုရာခိုင်နှုန်း ပြန်လည်လျော့ကျပြီး ရာခိုင် နှုန်း ၂၀ ကျော်တွင် တွေ့ရှိလာပြီး သေဆုံးသူ များအနေဖြင့် နေ့စဉ် ၁၀၀ ကျော်မှ ၂၀၀ ဝန်း ကျင်အထိရှိကာ သြဂုတ်လတစ်လအတွင်း သေဆုံးသူ ၆၀၀၀ ကျော်ရှိခဲ့သည်။
စက်တင်ဘာတွင် ရောဂါပိုးတွေ့ရှိမှုအ နေဖြင့် သိသိသာသာလျော့ကျလာပြီး နေ့စဉ် ရောဂါပိုးစစ်ဆေးနိုင်မှု အခြေအနေအရ ပိုး တွေ့ရှိမှု ၁၀ ရာခိုင်နှုန်းဝန်းကျင်နှင့် အောက် အထိ လျော့ကျလာခဲ့ပြီး သေဆုံးမှုရာခိုင်နှုန်း လည်း လျော့ကျလာခဲ့သည်။















