■ ဒီ (၃)သင်းကလွဲပြီး ချန်ပီယံမဖြစ်နိုင်ပါ

■ ဒီ (၃)သင်းကလွဲပြီး ချန်ပီယံမဖြစ်နိုင်ပါ
Published 27 September 2021

နှစ်ကြိမ်တိုင်တိုင် ရွှေ့ဆိုင်းထားတဲ့ ၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲရဲ့ အုပ်စုတွေက တော့ ထွက်ပေါ်လာပါပြီ။ လက်ရှိထွက်ပေါ်လာတဲ့ အုပ်စုအတိုင်း မနှစ်ကသာ ပြိုင်ပွဲကိုကျင်းပဖြစ်ခဲ့ မယ်ဆိုရင် မြန်မာအသင်းပါတဲ့အုပ်စု (A) က အုပ်စု (B) ထက်ပိုကျပ်တယ်လို ့ဆိုရမှာဖြစ်ပေ မယ့် အခုအချိန်မှာတော့ မဆိုနိုင်တော့ပါဘူး။ မ နှစ်ကအခြေအနေနဲ့သာဆိုရင် အုပ်စု (A) က Group of the Death ပါပဲ။ ဘာကြောင့်လဲဆိုရင် (၅) သင်းပါ အုပ်စုမှာ မြန်မာ၊ ထိုင်း၊ ဖိလစ်ပိုင်၊ စင်ကာ ပူဆိုတဲ့ အသင်းကြီး (၄) သင်း အတူကျရောက်နေ လို့ပါ။ ဒီနေရာမှာ မိတ်ဆွေက ဖိလစ်ပိုင်ကို လွန် ခဲ့တဲ့ (၁၀) နှစ်က ဖိလစ်ပိုင်လို ့တွေးနေရင်တော့ Group of the Death လို ့ မဆိုနိုင်ဘူးပေါ့။ ဒါပေမဲ့ ဒီကနေ့ ဖိလစ်ပိုင်ဟာ လွန်ခဲ့တဲ့ (၁၀) နှစ်က ဖိ လစ်ပိုင် မဟုတ်တော့ပါဘူး။ မြန်မာအသင်းက တော့ မနှစ်ကအခြေအနေနဲ့သာ ဒီပြိုင်ပွဲကို ဝင် ပြိုင်ခွင့်ရမယ်ဆိုရင် မြန်မာပရိသတ်တွေအတွက် တော့ အုံးအုံးထနေမယ့် စိတ်ဝင်စားစရာပြိုင်ပွဲဖြစ် နေမှာပါ။ ဒါပေမဲ့ လက်ရှိအနေအထားကတော့ အားမနာတမ်းပြောရရင် မြန်မာအသင်းက ဒီပြိုင် ပွဲမှာ အိမ်ဖြည့်အသင်းအဆင့်ပဲရှိပါတယ်။ မလွှဲမ ရှောင်သာလို ့ ဝင်ပြိုင်ရတဲ့အသင်းပါ။ မြန်မာအ သင်းအတွက် ဒီပြိုင်ပွဲကနေ ဘာမှရဖို့ မရှိပါဘူး။ ဘာမှလည်း မမျှော်လင့်နိုင်ပါဘူး။ ပြီးခဲ့တဲ့ (၂) လ ကျော်က ဂျပန်မှာ သွားကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲတုန်းကလိုပဲ ပြိုင်ဘက်အသင်းတွေကို ဂိုးပြတ်တွေရှုံးပြီး မြန်မာပရိသတ်ရဲ့မျက်နှာကို အိုးမဲထပ်သုတ်ဦးမှာပါ။ ဒါကြောင့် မြန်မာအသင်း အကြောင်း ကျွန်တော်တို့မဆွေးနွေးတော့ဘဲ ခ ဏမေ့ထားလိုက်ကြရအောင်။ ပြိုင်ပွဲက အုပ်စု တွေထွက်လာပြီဆိုပေမဲ့ အိမ်ရှင်နိုင်ငံ မထွက်လာ သေးဘူး။ အခု ဒီဆောင်းပါးရေးချိန်မှာ အိမ်ရှင်နိုင် ငံ မသိသေးဘူး။ ဘောလုံးမှာ အိမ်ရှင်နိုင်ငံက ဘယ် လောက်အရေးပါသလဲဆိုတာတော့ ကျွန်တော်တို့ အားလုံးသိကြပါတယ်။ အရှေ့တောင်အာရှကအ သင်းတွေ အဆိုးဆုံးပဲ။ ဆီးဂိမ်းစ်တို့၊ ဆူဇူကီးတို့မှာ အိမ်ရှင်အသင်းတွေ ဘယ်လိုအခွင့်အရေးအပြည့် အဝယူကြသလဲ၊ အိမ်ရှင်အခွင့်အရေးကို မရ၊ ရ အောင်ဘယ်လို လုပ်သလဲဆိုတာ မိတ်ဆွေတို့ သိ ကြမှာပါ။ ၂၀၀၉ ဆီးဂိမ်းစ်မှာ အိမ်ရှင်လာအိုလိုအ သင်းငယ်လေးတောင် ဆီမီးဖိုင်နယ်ရောက် တယ်ဆိုတော့ ... စဉ်းစားသာကြည့်။ အိမ် ရှင်နိုင်ငံ မထွက်သေးပေမဲ့ ဒီနှစ်ပြိုင်ပွဲ မှာ ဗိုလ်စွဲနိုင်ခြေရှိတဲ့အ သင်းက (၃) သင်းပဲရှိပါ တယ်။ လက်ရှိချန်ပီယံ ဗီယက်နမ်၊ အအောင်မြင် ဆုံး ထိုင်းနဲ့ မလေးရှားအသင်းတို့ပါပဲ။ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် (၃) သင်း က ကော်ကောင်၊ မြန်မာအပါအဝင် ကျန်အသင်းတွေကတော့ အိမ် ဖြည့်လို့ပဲ ယေဘုယျသုံးသပ်ချင်ပါတယ်။ ကျွန် တော်တို့ ချန်ပီယံအတွက် ထင်ကြေးပေးမယ့် အ သင်း (၃) သင်းကို တစ်သင်းချင်းစီ နည်းနည်း လောက် Analysis လုပ်ကြည့်ရအောင်ပါ။