ချန်ပီယံလိဂ်ဗိုလ်လုပွဲ အိပ်မက်ဆိုးကနေ ဂွါဒီယိုလာ နိုးထနိုင်ပါ့ဦးမလား။ အချိုမြိန်ဆုံးသော အောင်ပွဲကို အိပ်မက်မက်ခဲ့ပြီးမှ၊ အနီးစပ်ဆုံးဖြစ် ခဲ့ပြီးမှ ဖြိုဖျက်ခံလိုက်ရတဲ့ ခံစားမှုဟာ ဘယ် လောက်တောင် ခါးသီးနေလိမ့်မလဲ။ နှစ်ရှည်လ များတည်ဆောက်ခဲ့ရတဲ့ မျှော်လင့်ခြင်းဟာ တစ်ခဏအတွင်းမှာပဲ အငွေ့ပျံပျောက်ကွယ်သွားတယ်။ မန်စီးတီးနဲ့သက်ဆိုင်သူအားလုံးရဲ့ နှလုံး သားထဲမှာလည်း ၂၀၂၁၊ မေ(၂၉)ရက်နေ့ ပေါ်တို ညချမ်းဟာ မေ့ပျောက်ဖို့ခက်တဲ့ ဝမ်းနည်းမှုပေါ့။ သူတို့ရဲ့သက်တမ်းရင့်မျှော်လင့်ခြင်းကို ချယ်လ်ဆီး အသင်းနဲ့ တူဟယ်လ်က လှလှပပပဲ ဖျက်ဆီးသွားခဲ့တယ်။ တစ်ဖက်က နာနာကျင်ကျင်နဲ့ ဇာတ် သိမ်းသွားချိန်မှာ အခြားတစ်ဖက်ကတော့ ခမ်းခမ်းနားနားနဲ့ အောင်ပွဲခံတယ်။ ဒါဟာ သိပ်ကို ခံပြင်းစရာကောင်းပါတယ်။ ဒီအဖြစ်အပျက်အပြီး (၁၁၉)ရက်အကြာ မှာ ချယ်လ်ဆီးနဲ့ မန်စီးတီးတို့ ပထမဆုံးအကြိမ် ပြန်ဆုံကြပါပြီ။ မတူညီတဲ့ပြိုင်ပွဲ၊ မတူညီတဲ့ရှု ထောင့်၊ မတူညီတော့တဲ့ ဖိအားတွေနဲ့ ပြန်ဆုံတာ ဆိုပေမဲ့ နာကျင်ရသူတွေအတွက်တော့ ဘယ်အ ချိန်၊ ဘယ်နေရာမှာမဆို အခွင့်အရေးရတာနဲ့ ပြန်လည်ထိုးနှက်ဖို့ ဆန္ဒပြင်းပြနေမှာသေချာတယ်။
တိုက်ယူနိုင်မလား၊ တားဆီးနိုင်မလား
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။
ဝယ်ယူထားပြီးဖြစ်ပါက Login လုပ်ရန်
Most Read
Most Recent
3 hours ago
4 hours ago
4 hours ago
4 hours ago
4 hours ago
4 hours ago