လီဗာပူးလ်အသင်းသည် အသင်း၏အိမ်ကွင်းဖြစ်သည့် အန်ဖီးလ်ကွင်းတွင် ခုံအရေအတွက် (၇၀၀၀)ကျော် တိုးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
လီဗာပူးလ်အသင်းသည် အန်ဖီးလ်ကွင်းအတွင်းရှိ Anfield Road ပွဲကြည့်စင်တွင် ပေါင်သန်း(၆၀)ကျော်အကုန်အကျခံ၍ ခုံအရေအတွက်တိုးမြှင့်ခွင့်ကို လီဗာပူးလ်မြို့တော်ကောင်စီထံ တင်ပြထားပြီး ယခုနှစ်ဇွန်လကတည်းက ခွင့်ပြုချက်ကျထားပြီးဖြစ်သည်။
လာမည့်ရက်သတ္တပတ်မှ စတင်၍ လုပ်ငန်းခွင်ကို စတင်သွားမည်ဖြစ်ပြီး ယခင် ပရိသတ်(၅၃၀၀၀)ကျော်ဆံ့သည့် အန်ဖီးလ်ကွင်းမှာ ပရိသတ်(၆၁၀၀၀)ကျော်ဆံ့သည့်ကွင်း ဖြစ်လာမည်ဖြစ်သည်။
လက်ရှိ ပရီးမီးယားလိဂ်အသင်းများထဲတွင် ပရိသတ်(၆၀၀၀၀)နှင့်အထက် ဝင်ဆံ့သည့်ကွင်း ပိုင်ဆိုင်ထားသည်မှာ အာဆင်နယ်၊ မန်ယူ၊ စပါးနှင့် ဝက်စ်ဟမ်းတို့သာရှိကြောင်း သိရသည်။















