■ ပြင်သစ်လီဂူးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ ပြင်သစ်လီဂူးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 12 September 2021

မောင့်ပယ်လီယာ - စိန့်အက်တီယန် (တနင်္ဂနွေညနေ ၅း၃၀ နာရီ)

စိန့်အက်တီယန်က နိုင်ပွဲမရသေးတဲ့အသင်းဆိုပေမဲ့ ကစားပုံမာကျောပါတယ်။ မောင့်ပယ်လီယာကတော့ ရာသီအစ မှာတည်ငြိမ်မှုရဖို့ ရုန်းကန်နေရဆဲပဲ။ သရေကျဖို့များတယ်။

ဘော်ဒိုး - လန်းစ် (တနင်္ဂနွေည ရး၃၀ နာရီ)

ဘော်ဒိုးက နိုင်ပွဲမရသေးသလို ခံစစ်ကလည်း အားနည်း ချက်တွေများနေတယ်။ ဒါကြောင့် ရှုံးပွဲမရှိသေးတဲ့ လန်းစ်ရဲ့တုံ့ပြန် လာနိုင်မှုကို သတိထားရမယ်။ လန်းစ်တို့ သရေကစားလိမ့်မယ်။

ဘရက်စ် - အန်ဂါစ် (တနင်္ဂနွေည ရး၃၀ နာရီ)

အန်ဂါစ်က ရှုံးပွဲမရှိသေးဘဲ ပုံစံကောင်းပြနေတယ်။ အခုပွဲ လည်း အဝေးကွင်းမှာ အန်ဂါစ်တို့ နိုင်ပွဲဆက်ပါဦးမယ်။

မက်ဇ် - ထရွိုင်စ် (တနင်္ဂနွေည ရး၃၀ နာရီ)

မက်ဇ်က သရေပွဲတွေနဲ့အတူ သူတို့ရဲ့တုံ့ပြန်နိုင်စွမ်းကို ပြသနေတယ်။ အခုလည်း အိမ်ကွင်းမှာ ဇယားအောက်ဆုံးက ထရွိုင်စ်ဆီက အမှတ်ပြည့်ရဖို့ကြိုးစားမှာပါ။ မက်ဇ်ပဲနိုင်မယ်။

ရန်းစ် - Reims  (တနင်္ဂနွေည ရး၃၀ နာရီ)

ရန်းစ်က အိမ်ကွင်းကစားပုံမဆိုးသလို အခုလဲ ခံစစ်ပိုင်း ကပါ တည်ငြိမ်မှုကိုပြထားနိုင်တယ်။ Reims ကလည်းနိုင်ပွဲမရ သေးပေမဲ့ မာကျောတဲ့အသင်းပါ။ ရန်းစ်တို့ ကပ်နိုင်ဖို့ပဲရှိတယ်။

နန့်စ် - နိုက်စ် (တနင်္ဂနွေည ၉း၃၀ နာရီ)

(၂)ပွဲဆက်ရှုံးထားတဲ့နန့်စ်တို့ အိမ်ကွင်းမှာပေါက်ကွဲလာ နိုင်ပေမဲ့ ရှုံးပွဲမရှိသေးဘဲ ခြေငြိမ်နေတဲ့ နိုက်စစ်ကိုအသာစီးယူဖို့ တော့ခက်မှာပါ။ နိုက်စ်တို့ အနိမ့်ဆုံးသရေကစားလိမ့်မယ်။

လိုင်ယွန် - စထရာဘိုး (တနင်္လာနံနက် ၁း၁၅ နာရီ)

လိုင်ယွန်တို့ ခြေပြန်ငြိမ်စပြုလာတယ်။ ဒါကြောင့်အခုအိမ် ကွင်းပွဲမှာ နိုင်ပွဲဆက်ဖို့ကြိုးစားလာမှာပါ။ စထရာဘိုးက ခံစစ် အားနည်းပြီး သာမန်ခြေပဲရှိတယ်။ လိုင်ယွန်အနိုင်သေချာတယ်။

 

 

Most Read

Most Recent