အက်စ်ပန်ညို - အက်သလက်တီကို (တနင်္ဂနွေညနေ ၆း၃၀ နာရီ)
တစ်ဂိုးမှမသွင်းနိုင်သေးတဲ့ အက်စ်ပန်ညို အက်သ လက်တီကိုနဲ့ အတွေ့မှာ ဂိုးရနိုင်မှာလားဆိုတာ စောင့်ကြည့် ချင်စရာကောင်းပါတယ်။ အက်သလက်တီကိုရဲ့ခံစစ်ကလည်း အရင်လို စိတ်မချရတော့တာအမှန်ပဲ။ ပြီးခဲ့တဲ့ရာသီသိမ်းခါနီး ဘာစီလိုနာနဲ့ ဂိုးမရှိသရေကျခဲ့ပြီးနောက်ပိုင်း ကစားခဲ့တဲ့ (၁၁)ပွဲ(ခြေစမ်းပွဲတွေအပါအဝင်)မှာ ဂိုးမပေးရတဲ့ပွဲ တစ်ပွဲသာရှိ ထားပြီး ကျန်တဲ့ပွဲတိုင်း ဂိုးပေးခဲ့ရတယ်။ နည်းပြဆီမြွန်နီကလည်း ခံစစ်မှာ ဟီမင်နက်ဇ်နဲ့ ဆာဗစ်ကို ပုံမှန်နေရာပေးပြီး ခံစစ် တန်း(၃)ယောက်၊ (၄)ယောက်နဲ့ အမျိုးမျိုးစမ်း သပ်နေသလို တိုက်စစ်ပိုင်းကိုပါ ပြင်ဆင်နေတာ တွေ့ရတယ်။ အက်စ်ပန်ညို ရဲ့ခံစစ်ကစားပုံကလည်း သိပ်သိပ်သည်းသည်းရှိပြီး ပြီးခဲ့တဲ့(၃)ပွဲမှာ တစ်ဂိုးသာပေးခဲ့ရတဲ့အပြင် အိမ်ကွင်းပေးဂိုးလည်း မရှိ ခဲ့ဘူး။ ဒါကြောင့် အက်သလက်တီကို တိုက်စစ်ကိုလည်း အ တတ်နိုင်ဆုံးတောင့်ခံဦးမှာပါ။ ဒီတော့ အခုပွဲအပြီး ချန်ပီယံလိဂ် နွှဲရတော့မယ့် အက်သလက်တီကို ကိုယုံကြည်ဖို့ခက်လိမ့်မယ်။ အက်စ်ပန်ညိုနဲ့ ဂိုးအများပဲ ရွေးကြည့်ထားချင်တယ်။
အိုဆာဆူနာ - ဗလင်စီယာ (တနင်္ဂနွေည ၈း၄၅ နာရီ)
ရာသီအဖွင့်ကို အရှိန်ကောင်းကောင်းနဲ့ ဖြတ်သန်းနေပေမဲ့ အိုဆာဆူနာကွင်းက အစဉ်အလာတွေအရတော့ ဗလင်စီယာ ရုန်းကန်ရမယ့်ပုံ ပေါ်နေတယ်။ ပြီးခဲ့တဲ့ အိမ်ကွင်း(၂)ပွဲစလုံးကို အို ဆာဆူနာ မရှုံးခဲ့ပေမဲ့ ဂိုးမရခဲ့တဲ့ တိုက်စစ်ပိုင်းအားနည်းမှုတော့ ရှိနေသေးတယ်။ ဗလင်စီယာရဲ့ခံစစ်ကစားပုံ ပြောင်းလဲလာပြီး ကျစ်ကျစ်လျစ်လျစ်ပိုရှိလာတာလည်းတွေ့ရလို့ ဒီပွဲက အိုဆာ ဆူနာရဲ့တိုက်စစ်ပိုင်းအလုပ်ဖြစ်၊မဖြစ်ကိုပဲ အဓိကစောင့်ကြည့် ရမလို ဖြစ်လာတယ်။ လက်ရှိအခြေအနေတွေအရတော့ ဂိုး နည်းသရေပွဲလို့ပဲ မှန်ထားချင်တယ်။
ကာဒစ်ဇ် - ဆိုစီဒက် (တနင်္ဂနွေည ၁၁း၀၀ နာရီ)
အစဉ်အလာမှာတော့ ကာဒစ်ဇ်ဟာ ဆိုစီဒက်ကို ယှဉ်နိုင် လေ့မရှိသေးဘူး။ အဖွင့်ပွဲတွေ ခြေစွမ်းအရလည်း ကာဒစ်ဇ် ရုန်း ကန်နေရသေးတာတွေ့ရလို့ အခုပွဲလည်းအိမ်ရှင်ဆိုပေမဲ့ ဆိုစီ ဒက်ကိုအသာရဖို့ မလွယ်လှဘူး။ အထူးသဖြင့် ကာဒစ်ဇ်ရဲ့ကစား ကစားပုံအားနည်းမှုက ဆိုစီဒက်ကို အခွင့်အရေးပေးသလိုဖြစ် သွားနိုင်တယ်။ ဒီတော့ အဝေးကွင်းမှာ ဂိုးရအောင်ကစားတတ်တဲ့ ဆိုစီဒက်တိုက်စစ်ပိုင်း အစွမ်းပြနိုင်ဖို့ပဲလိုလိမ့်မယ်။ ဒီပွဲအပြီး ယူရိုပါလိဂ်ပွဲစဉ် နွှဲရဦးမယ်ဆိုပေမဲ့ ဧည့်သည် ဆိုစီဒက်နဲ့ ဂိုး အများကို ပိုကြိုက်နေမိတယ်။
ရီးယဲလ်မက်ဒရစ် - ဆယ်လ်တာဗီဂို (တနင်္လာနံနက် ၁း၃၀ နာရီ)
ဒီရာသီရီးယဲလ်မက်ဒရစ်ရဲ့ အိမ်ကွင်းအဖွင့်ပါပဲ။ ကွင်း လယ်အတွက် ကာမာဗင်ဂါ ရောက်လာသလို ဒဏ်ရာရကစား သမားအများစုလည်း ပြန်ကစားနိုင်ဖို့ရှိလာလို့ နည်းပြ အန် ဆယ်လော့တီတစ်ယောက် သူ့အသင်းအနေအထားကို ကျေနပ်နေတယ်။ အခုအိမ်ကွင်းမှာ ရင်ဆိုင်ရမယ့် ဆယ်လ် တာဗီဂိုကိုလည်း အစဉ်အလာတွေအရ အသာစီးရထား တာများလို့ ရီးယဲလ်အတွက် ဖိအားသိပ်ရှိနိုင်မယ့်ပွဲမျိုးမဖြစ် နိုင်ဘူး။ ဆယ်လ်တာကလည်း ရာသီအစပိုင်းမှာ ပုံမှန်မဟုတ် သေးဘူူး။ ခံစစ်ပိုင်းက တိုးတက်လာတာမှန်ပေမဲ့ တိုက်စစ်က တော့ အားနည်းနေသေးတာကို ပြီးခဲ့တဲ့ (၃)ပွဲမှာ (၁)ဂိုးသာရ ထားသေးတာက ပြနေတယ်။ နိုင်ငံတကာပွဲတွေမစမီ အိမ် ကွင်းမှာတောင် ဘီလ်ဘာအိုကို အရှုံးပေးခဲ့ရတဲ့ အနေအထား မျိုးနဲ့တော့ ရီးယဲလ်ကို ရင်ဆိုင်တောင့်ခံပြနိုင်ဖို့ဆိုတာ မလွယ် လှပါဘူး။ ရီးယဲလ်ကတော့ ချန်ပီယံလိဂ်ပွဲတွေ ဝင်မလာခင်မှာ နိုင်ပွဲတွေနဲ့အတူ အမှတ်ရသလောက်စုဖို့ ပစ်မှတ်ထားနေမှာ သေချာတယ်။ ရီးယဲလ်နဲ့ ဂိုးအများပဲ ရွေးထားကြည့်ချင်တယ်။