ဆမ်ဒိုးရီးယားနှင့်ပွဲတွင် ဆန်းချက်ဇ် ပါဝင်ကစားဖွယ်ရှိ

ဆမ်ဒိုးရီးယားနှင့်ပွဲတွင် ဆန်းချက်ဇ် ပါဝင်ကစားဖွယ်ရှိ
Photo: Getty Images
Photo: Getty Images
Published 9 September 2021

ကြွက်သားဒဏ်ရာကြောင့် အနားယူနေရသည့် အင်တာမီလန်ဝါရင့်တောင်ပံကစားသမား ဆန်းချက်ဇ်သည် ဆမ်ဒိုးရီးယားနှင့်ပွဲတွင် ပါဝင်လာဖွယ်ရှိနေကြောင်း သိရသည်။

ဆန်းချက်ဇ်(၃၂ နှစ်)သည် ကြွက်သားဒဏ်ရာကြောင့် ယခုရာသီတွင် အင်တာမီလန်အတွက် ကစားနိုင်ခြင်းမရှိသေးသော်လည်း ယခုအခါ အသင်းနှင့်အတူ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်သည်။

ထို့ကြောင့် ဆန်းချက်ဇ်အနေဖြင့် စက်တင်ဘာ (၁၂)ရက်တွင် ဆမ်ဒိုးရီးယားအသင်းနှင့်ကစားမည့် စီးရီးအေအဝေးကွင်းပွဲစဉ်တွင် ပါဝင်လာဖွယ်ရှိနေပြီး အရန်ကစားသမားအဖြစ် လူစားဝင်ကစားဖွယ်ရှိနေကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့ကြသည်။ 

 

Most Read

Most Recent