PSG အသင်းသည် ဘာပေအတွက် ရီးယဲလ်အသင်း၏ ကမ်းလှမ်းမှု (၆) ကြိမ်ကို ပယ်ချခဲ့ကြောင်း သိရသည်။
ရီးယဲလ်အသင်းသည် ဘာပေအတွက် ပြီးခဲ့သည်နွေရာသီအပြောင်းအရွှေ့ပိတ်ခါနီးအချိန်အထိ အားစိုက်ကြိုးပမ်းခဲ့သော်လည်း PSG အသင်းက လက်လွတ်မခံလိုသဖြင့် အပြောင်းအရွှေ့ဖြစ်မလာခဲ့ခြင်းဖြစ်သည်။
သို့သော် ရီးယဲလ်အသင်းသည် ဘာပေကို လာမည့်နှစ်အတွင်း သေချာပေါက်ခေါ်ယူနိုင်လိမ့်မည်ဟု စပိန်မီဒီယာများက ဖော်ပြလျက်ရှိသည်။
ရီးယဲလ်အသင်းသည် ဘာပေအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း (၂၀၀)အထိ ပေး၍ ကမ်းလှမ်းခဲ့ကြောင်း သိရသည်။