COVID - 19 ဓါတ်ခွဲနမူနာ ၃၅၂၄၈ အားစစ်ဆေးရာ ပိုးတွေ့လူနာသစ် ၃၄၅၉ ဉီး တွေ့ရှိခဲ့ပြီး သေဆုံးသူ ၁၁၀ ဉီးရှိသဖြင့် စုစုပေါင်း သေဆုံးသူ ၁၅၆၀၀ ဉီးရှိလာ ကြောင်း စက်တင်ဘာ ၂ ရက် ညပိုင်းက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။
စက်တင်ဘာ ၁ ရက် ည ၈ နာရီမှ စက်တင်ဘာ ၂ ရက် ည ၈ နာရီအထိ ဓါတ်ခွဲလူနာ စုစုပေါင်း ၃၅၂၄၈ ခုအား စစ်ဆေးပြီးစီးရာ COVID - 19 ရောဂါ ဓါတ်ခွဲ အတည်ပြုလူနာသစ် ၃၄၅၉ ဦး တွေ့ရှိရကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ထို့ပြက် စက်တက်ဘာ ၂ ရက်အထိ ဓါတ်ခွဲနမူနာ စုစုပေါင်း ၃၆၈၈၈၁၀ ဦးကိုစစ်ဆေးခဲ့ရာ COVID-19 ဓါတ်ခွဲအတည်ပြု လူနာ ၄၀၆၀၉၉ ဦး ရှိပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဆက်လက်ပြီး စက်တင်ဘာ ၂ ရက်တွင် ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၁၉၅၃ ဦးရှိခြင်းကြောင့် စုစုပေါင်း ၃၅၅၇၆၄ ဦး ဆေးရုံမှ ဆင်းခွင့် ရရှိပြီဖြစ်ကာ COVID - 19 ရောဂါဖြင့် ထပ်မံသေဆုံးသူ ၁၁၀ ဦးရှိသောကြောင့် သေဆုံးသူ စုစုပေါင်း ၁၅၆၀၀ ဦး ရှိပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
စက်တင်ဘာ ၂ ရက်တွင် ဓါတ်ခွဲခန်းများနှင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် ဓာတ်ခွဲစမ်းသပ်မှု အခြေအနေအရ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဓါတ်ခွဲခန်းများမှ ပိုးတွေ့လူနာသစ် ၄၄၁ ဦး ၊နေပြည်တော်ကောင်စီ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံများတွင် GeneXpert စက်များဖြင့် ဓာတ်ခွဲစမ်းသပ်မူအခြေအနေအရ ပိုးတွေ့လူနာသစ် ၈ ဦး၊ ရန်ကုန်မြို့ အမှတ် ၁ တပ်မတော်ဆေးရုံကြီး ခုတင် မှ ဓာတ်ခွဲစမ်းသပ်မူအခြေအနေအရ စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ် ၇ ဦး ၊ နေပြည်တော် အမှတ် ၂ တပ်မတော်ဆေးရုံကြီး ခုတင် ၁၀၀၀ မှ ပိုးတွေ့လူနာသစ် ၅၄ ဦး ၊ လာရှိုးမြို့ အမှတ် ၉ တပ်မတော်ဆေးရုံ (ကုတင် ၁၀၀)မှ ပို့တွေ့လူနာသစ် ၉ ဉီး ၊ပုဂ္ဂလိကဆေးရုံနှင့် ဓာတ်ခွဲခန်းများတွင် ပိုးတွေ့လူနာသစ် ၂၂ ဉီး ၊ နေပြည်တော်ကောင်စီ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံများတွင် COVID - 19 Rapid Antigen Diagnostic Test စစ်ဆေးမူအခြေအနေအရ ပိုးတွေ့လူနာသစ် ၂၉၉ ဦး နှင့် နေပြည်တော်ကောင်စီ တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများတွင် COVID - 19 Rapid Antigen Diagnostic Test စစ်ဆေးမူအခြေအနေတွင် ပိုးတွေ့လူနာသစ် ၂၆၁၉ ဦး ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။















