ဘာပေအား မရောင်းသည့် PSG အသင်းကို တီဘက်စ် ဝေဖန်

ဘာပေအား မရောင်းသည့် PSG အသင်းကို တီဘက်စ် ဝေဖန်
Photo: LFP
Photo: LFP
Published 2 September 2021

လာလီဂါအဖွဲ့ချုပ်(LFP) ဥက္ကဋ္ဌ တီဘက်စ်သည် ဘာပေအား ရီးယဲလ်အသင်းသို့ ရောင်းချခဲ့ခြင်းမရှိသည့် PSG အသင်းကို Twitter မှတစ်ဆင့် ဝေဖန်ခဲ့သည်။

PSG အသင်းသည် ၂၀၂၂ ဇွန် (၃၀)ရက်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် အသင်းတိုက်စစ်မှူး ဘာပေအတွက် ရီးယဲလ်အသင်း၏ ယူရိုသန်း (၂၀၀)ဖြင့် ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ဥရောပထိပ်တန်းအသင်းများ ဘဏ္ဍာရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရချိန်တွင် နာမည်ကျော်များကို ခေါ်ယူပြီး လစာများစွာပေးချေနေသည့် PSG အသင်းမှာ ဘောလုံးလောက၏ စီးပွားရေးကို ဖျက်ဆီးနေသူများဖြစ် ကြောင်း တီဘက်စ်က ဆိုခဲ့သည်။

တီဘက်စ်က ''နိုင်ငံပိုင်အသင်းတွေက ဥရောပစူပါလိဂ်လိုပဲ ဘောလုံးလောကအတွက် အန္တရာယ်ရှိပါတယ်။ ကပ်ဘေးကြောင့် ယူရို သန်း(၃၀၀)ကျော် ရှုံးပြီး ရုပ်သံကြေး (၄၀%) ရှုံးနေချိန်မှာ လစာ ယူရိုသန်း (၅၀၀) ကျော်ပေးချေနေတာ ဘယ်လိုမှအဓိပ္ပာယ်မရှိပါဘူး'' ဟု Twitter  တွင် ရေးသားခဲ့သည်။ 

Most Read

Most Recent