နောက်ခံလူဆာဗစ်၏ ချန်ပီယံလိဂ်ပွဲပယ်ပြစ်ဒဏ်အတွက် အက်သလက်တီကိုနည်းပြ ဆီမြွန်နီစိတ်ပျက်

နောက်ခံလူဆာဗစ်၏ ချန်ပီယံလိဂ်ပွဲပယ်ပြစ်ဒဏ်အတွက် အက်သလက်တီကိုနည်းပြ ဆီမြွန်နီစိတ်ပျက်
Photo: Getty Images
Photo: Getty Images
Published 1 September 2021
AK

 

အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီသည် အသင်း၏နောက်ခံလူ ဆာဗစ် (၃၀ နှစ်)၏ ချန်ပီယံလိဂ် (၄)ပွဲပယ်ပြစ်ဒဏ်အတွက် စိတ်ပျက်လျက်ရှိနေကြောင်းသိရသည်။ 

ဆာဗစ်သည် ပြီးခဲ့သည့်ရာသီ ချယ်လ်ဆီးအသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်တွင် ချယ်လ်ဆီးနောက်ခံလူ ရူဒီဂါအား တံတောင်ဖြင့်တွက်ခဲ့သည့် အတွက် တိုက်ရိုက် အနီကတ်ပြခံခဲ့ရပြီး (၄)ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံထားရသူဖြစ်သည်။ 

ထို့ကြောင့် ဆာဗစ်အနေဖြင့် ယခုရာသီချန်ပီယံလိဂ်အုပ်စုအဆင့် ပေါ်တို၊ အေစီမီလန်၊ လီဗာပူးလ် (၂ ကျော့)တို့နှင့်ပွဲစဉ်များအား လွဲချော်မည်ဖြစ်သည်။

Most Read

Most Recent