ဆုဖလားထက် အကောင်းဆုံးကြိုးစားခြင်းက မိမိအတွက် ပိုအရေးကြီးကြောင်း အာနိုးလ် ဖွင့်ဟ

ဆုဖလားထက် အကောင်းဆုံးကြိုးစားခြင်းက မိမိအတွက် ပိုအရေးကြီးကြောင်း အာနိုးလ် ဖွင့်ဟ
Photo: X
Photo: X
Published 10 October 2024

ရီးယဲလ်အသင်းက ခေါ်ယူရန်ပစ်မှတ်ထားခြင်းခံနေရသည့် လီဗာပူးလ်နောက်ခံကစားသမား အာနိုးလ်က ဆုဖလားများရရှိခြင်းထက် အကောင်းဆုံးကြိုးစားခြင်းက မိမိအတွက် ပိုအရေးကြီးကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

အသက် (၂၆) နှစ်အရွယ်ရှိ အင်္ဂလန်နောက်ခံကစားသမား အာနိုးလ်သည် ယခုရာသီကုန်တွင် လီဗာပူးလ်အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ၎င်းကို ခေါ်ယူရန် ရီးယဲလ်မက်ဒရစ်အသင်းက ပစ်မှတ်ထားနေကြောင်း သိရသည်။

သို့သော် အာနိုးလ်က ဆုဖလားများရရှိခြင်းမှာ အဓိကမဟုတ်ဘဲ ကစားသမားဘဝမှ အနားယူချိန်တွင် ၎င်းအနေဖြင့် အစွမ်းကုန်ကြိုးစားကစားခဲ့သည်ဆိုသောအချက်ကသာ အရေးကြီးကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အာနိုးလ်က ''အီဇီနဲ့ ကျွန်တော် စကားပြောဖြစ်တယ်။ သူ့ကို ကျွန်တော်က ငါ့ဘဝမှာ ဆုဖလားတွေ ထပ်မရတော့တာမျိုး ဖြစ်နိုင်သလို၊ ဆုဖလားတွေ အများကြီး ထပ်ရတာမျိုးလည်း ဖြစ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။ ဘောလုံးသမားတစ်ယောက်အတွက် အရေးကြီးတာက ကစားသမားဘဝက အနားယူချိန်မှာ ကိုယ့်ကိုယ်ကို ပြန်ကြည့်ပြီး နောင်တရသလား ဒါမှမဟုတ် ကျေနပ်ရဲ့လားဆိုတဲ့အချက်ပါပဲ။ ကျွန်တော့်အနေနဲ့ ဆုဖလားတွေ၊ သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေထက် ကျွန်တော် ဘယ်လောက်ကြိုးစားတယ်ဆိုတာက ပိုအရေးကြီးပါတယ်။ အသင်းအတွက် အကောင်းဆုံးဖြစ်အောင် ကျွန်တော် အမြဲကြိုးစားတယ်။ ပါရမီရှိသလောက်ဖြစ်ဖို့က အရေးကြီးဆုံးပါပဲ''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent