ပြည်တွင်းစက်သုံးဆီဈေး နှစ်ပတ်အတွင်း အမြင့်ဈေးနှုန်း၌ ဆက်ရှိနေပြီး အမျိုးအစားအလိုက် ဈေးနှုန်းမြင့်တက်လျက်ရှိကာ အောက်တိန်း 95 Ron တစ်လီတာ ကျပ် ၁၁၂၀ ကျော်အထိရှိ

ပြည်တွင်းစက်သုံးဆီဈေး နှစ်ပတ်အတွင်း အမြင့်ဈေးနှုန်း၌ ဆက်ရှိနေပြီး အမျိုးအစားအလိုက် ဈေးနှုန်းမြင့်တက်လျက်ရှိကာ အောက်တိန်း 95 Ron တစ်လီတာ ကျပ် ၁၁၂၀ ကျော်အထိရှိ
ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ခုကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ခုကို တွေ့ရစဉ်
Published 28 August 2021

ပြည်တွင်းစက်သုံးဆီစျေးသည် နှစ်ပတ်အတွင်း အမြင့်စျေးနှုန်း၌ ဆက်ရှိနေပြီး အမျိုးအစားအလိုက် စျေးနှုန်းမြင့်တက်လျက်ရှိကာ အောက်တိန်း 95 Ron တစ်လီတာ ကျပ် ၁၁၂၀ ကျော်အထိရှိကြောင်း ပြည်တွင်းစက်သုံးဆီ အရောင်းဆိုင်များမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်တွင် ပြည်တွင်းစက်သုံးဆီစျေးနှုန်းမှာ ဒီဇယ်တစ်လီတာလျှင် ၆၆၀ ကျပ်၊ ပရီမီယံဒီဇယ်တာ ၆ရဝကျပ်၊ အောက်တိန်း 92 Ron တစ်လီတာ ၆၂၀ ကျပ်၊ အောက်တိန်း 95 Ron တစ်လီတာ ၇၅၀ ကျပ်သာရှိကြောင်း မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်း (MPTA) က ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

သို့သော် ပြီးခဲ့သည့်သြဂုတ် ၁၇ ရက်တွင် ပြည်တွင်းစက်သုံးစျေးနှုန်းများမှာ အောက်တိန်း 95 Ron တစ်လီတာ ၁၁၂၅ ကျပ်၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၁၁၀၅ကျပ်၊ ဒီဇယ်တစ်လီတာ ၁၀၅၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၁၀၅၅ ကျပ်အထိ ခြောက်လကျော်အတွင်း စက်သုံးဆီ အမျိုးအစားအလိုက် စျေးနှုန်းများ အမြင့်ဆုံးမြင့်တက်ခဲ့ကြောင်း ပြည်တွင်းစက်သုံးဆီ အရောင်းဆိုင်များမှ သိရသည်။

လက်ရှိ သြဂုတ် ၂၈ ရက်တွင် အောက်တိန်း 95 Ron တစ်လီတာ ၁၁၂၅ ကျပ်၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၁၁၀၅ကျပ်၊ ဒီဇယ်တစ်လီတာ ၁၀၅၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၁၀၅၅ ကျပ်ဖြင့် ပြီးခဲ့သည့် နှစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် စျေးနှုန်းများအတိုင်းအမြင့် စျေးနှုန်း၌သာ ဆက်ရှိနေခြင်းဖြစ်ကြောင်း ပြည်တွင်းစက်သုံးဆီ အရောင်းဆိုင်များမှ ထုတ်ပြန်ထားသည့် စျေးနှုန်းများအရ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် တစ်နှစ်လျှင် စက်သုံးဆီတန်ချိန် ခြောက်သန်းဝန်းကျင် တင်သွင်းလျှက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။

ပြီးခဲ့သည့် ဧပြီလကုန်အထိ ခုနစ်လတွင် ပြည်ပမှ စက်သုံးဆီတန်ချိန် ၂ ဒသမ ၇ သန်းသာ တင်သွင်းထားပြီး ယခင်နှစ်ကာလတူထက် တင်သွင်းမှုတန်ချိန်တစ်သန်းကျော်အထိ လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါကာလအတွင်း ဒီဇယ်တန်ချိန် ၁ ဒသမ ၆၆ သန်းတင်သွင်းမှု တန်ဖိုးဒေါ်လာ ၇၂၁ ဒသမ ၁၇၃ သန်းရှိသည်။ဓာတ်ဆီတန်ချိန်တစ်သန်းကျော် တင်သွင်းမှု တန်ဖိုးဒေါ်လာ ၅၃၆ ဒမသ ၁၁၃ သန်းရှိသည်။

Most Read

Most Recent