ဆာလာနှင့် အယ်လစ်ဆန်အပါအဝင် ကစားသမား(၄)ဦးကို လီဗာပူးလ်အသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲ ကစားခွင့်ပြုမည်မဟုတ်

ဆာလာနှင့် အယ်လစ်ဆန်အပါအဝင် ကစားသမား(၄)ဦးကို လီဗာပူးလ်အသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲ ကစားခွင့်ပြုမည်မဟုတ်
Photo: Getty Images
Photo: Getty Images
Published 23 August 2021

လီဗာပူးအသင်းသည် တိုက်စစ်ကစားသမား ဆာလာနှင့် ဂိုးသမား အယ်လစ်ဆန်အပါအဝင် ကစားသမား(၄)ဦးကို ကမ္ဘာ့ဖလားခြေစစ်ပွဲ ကစားခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကာလအတွင်း ဗြိတိန်အစိုးရ ထုတ်ပြန်ထားသော စည်းမျဉ်းများအရ အဆိုပါကစားသမား(၄)ဦးသည် အင်္ဂလန်နိုင်ငံသို့ ပြန်ရောက်ပါက ဟိုတယ်တွင် Quarantine (၁၀)ရက် နေထိုင်ရမည်ဖြစ်သည်။

ထို့ကြောင့် လီဗာပူးလ်အသင်းက အသင်းအတွက် ထိခိုက်နစ်နာမှုများ ရှိလာနိုင်သဖြင့် ယင်းကစားသမားများကို သက်ဆိုင်ရာလက်ရွေးစင်အသင်းများနှင့် ပြန်လည်ပူးပေါင်းခွင့်မပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လီဗာပူးလ်အသင်း တားမြစ်ထားသည့် ကစားသမား (၄)ဦးမှာ အီဂျစ်လက်ရွေးစင် ဆာလာ၊ ဘရာဇီးလ်လက်ရွေးစင်များဖြစ်သည့် အယ်လစ်ဆန်၊ ဖေမီနိုနှင့် ဖာဘင်ညိုတို့ဖြစ်ပြီး ယင်းနိုင်ငံများမှာ ဗြိတိန်အစိုးရက Red List စာရင်းသွင်းထားသည့် နိုင်ငံများလည်းဖြစ်သည်။

လီဗာပူးလ်အသင်းသည် မူလက ဆာလာကို ဂါဘွန်နှင့် ခြေစစ်ပွဲ၌ ပါဝင်ကစားခွင့်ပြုရန် စီစဉ်ထားခဲ့သော်လည်း အန်ဂိုလာနှင့်ပွဲမှာ အီဂျစ်နိုင်ငံတွင် ကစားရမည်ဖြစ်သောကြောင့် ခွင့်မပြုတော့ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ဗြိတိန်အစိုးရ၏ Quarantine စည်းမျဉ်းနှင့် ပတ်သက်၌ ပရီးမီးယားလိဂ်အသင်းများက ဖြေလျှော့ပေးရန် တောင်းဆိုထားသလို၊ အီဂျစ်ဘောလုံးအဖွဲ့ချုပ်ကလည်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ထံ အရေးဆိုထားသည်ဟု သိရသည်။

Most Read

Most Recent