ချာကာကို အာဆင်နယ်အသင်း ၂၀၂၄ ခုနှစ်အထိ သက်တမ်းတိုး

ချာကာကို အာဆင်နယ်အသင်း ၂၀၂၄ ခုနှစ်အထိ သက်တမ်းတိုး
Photo: Arsenal Twitter
Photo: Arsenal Twitter
Published 17 August 2021

အာဆင်နယ်အသင်းသည် ဆွစ်ဇာလန်ကွင်းလယ်ကစားသမား ချာကာကို ၂၀၂၄ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုလိုက်ကြောင်း သိရသည်။

ချာကာသည် အပြောင်းအရွှေ့ကာလအစောပိုင်းတွင် ရိုးမားအသင်းသို့ ရောက်ရှိတော့မည်ဟု သတင်းထွက်ခဲ့သော်လည်း အာဆင်နယ်နည်းပြ အာတီတာက ရောင်းထုတ်ရန် ငြင်းဆန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် ချာကာကို ၂၀၂၄ ခုနှစ်အထိ သက်တမ်းတိုးလိုက်သည့်အပြင် တစ်နှစ်ထပ်မံသက်တမ်းတိုးနိုင်သည့် သဘောတူညီချက်လည်း ရယူထားခဲ့ကြောင်း သိရသည်။

ချာကာသည် မိုချန်ဂလာဘတ်အသင်းမှ အာဆင်နယ်အသင်းသို့ ၂၀၁၆ ခုနှစ်တွင် ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ(၂၂၁)ပွဲကစားကာ (၁၃)ဂိုး သွင်းယူပေးထားသည်။

Most Read

Most Recent